Monday, November 19, 2012

ဝေဒနည်းပညာကို အသုံးချနိင်ရန် အကြံပြုပေးခြင်း


ထီပေါက်ဖူးသူ(၁၈၆)ဦး ဆုငွေပေါင်း(၂၉၀၀)ကျော် ပေါက်ဖူးသူများ၏ ဇာတာများကိုလေ့လာခြင်း
`ဝေဒ´နည်းပညာကို ၀ါသနာပါသဖြင့် ၁၉၉၅ ခုနှစ်မှ စတင်ပြီး ပြည်မြို့တွင် အကြောင်း
ညီညွတ်သဖြင့် ဗေဒင်ဟောခန်းဖွင့်ကာ အတွေ့အကြုံရရှိစေရန် လေ့လာခဲ့ပါသည်။
၁။ ထီပေါက်သူများသည် ၄င်းကာလငွေအမြောက်အများဝင်ကိန်းရှိသူများသာ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၇၀)ကြိမ်မှ(၂၈၆)ကြိမ်ထိ ထီပေါက်ဖူးသူ စုစုပေါင်း(၁၈၆)ဦးဇာတာများနှင့်
စုငွေပေါင်း(၂၉၀၀)ကျော်ပေါက်သူများကို သုတေသနပြုလုပ်လေ့လာဖြစ်ပါသည်။
(၂၇၁)ကြိမ် ဘ-၉၈၉၀၁၂ ဖြင့် သိန်း(၁၀၀၀)ပေါက်သူ၊ဓ-၄၃၉၆၁၅ ဖြင့် သိန်း(၁၀၀)ဆု
အပါအ၀င် သိန်း(၃၃၀)ပေါက်သူနှင့် (၂၈၃)ကြိမ် ဃ-၈၈၇၄၁၄ ဖြင့် သိန်း(၁၀၀၀)ပေါက်
သူနှင့် ည-၁၁၅၄၅၅ ဖြင့် သိန်း(၁၀၀)အပါအ၀င် သိန်း(၁၉၀)ပေါက်သူများနှင့် သိန်း(၁၀၀)အောက်ပေါက်သူ စုစုပေါင်း(၁၈၃)ဦး စုငွေစုစုပေါင်း သိန်းပေါင်း(၂၉၀၀)
ကျော် ပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အ၇
တူညီသောအချက်များ
၁။၎င်းတို့အားလုံးသည် ငွေအမြောက်အများဝင်ကိန်း ရှိသည့် ကာလအတွင်း
ထီပေါက်သူများသာ ဖြစ်နေပါသည်။
၂။ ထီပေါက်နိုင်သည့် အကြိမ်တွင် ထီကံစမ်းထားသူများ ဖြစ်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
လူကြီးမင်းလည်း ထီပေါက်နိင်သည့်အကြိမ်တွင် ထီကံစမ်းဖို့အကြံပြုအပ်ပါသည်။
ငွေအမြောက်အများဝင်ကိန်းကိုလေ့လာခြင်း
ထီပေါက်သူ(၁၈၆)ဦးအားလုံးသည် ၄င်းကာလငွေအမြောက်အများဝင်ကိန်း
ရှိသူများသာ ဖြစ်နေကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
ထီပေါက်နိုင်သည့်အကြိမ်ကိုလေ့လာခြင်း
ထီပေါက်သူ၏ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင်ရှိသော
နက္ခတ်စိုးမိုးဂဏန်းများနှင့် ထီဖွင့်သည့်အကြိမ် ဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
တို့၏(၅)တန့်ရာသီတွင် ရှိသော နက္ခတ်စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်
အကြိမ်တွင် ထီပေါက်နေကြကြောင်းကို ထီပေါက်ဖူးသူ(၁၈၆)ဦးကို သုတေသနပြုလုပ်
လေ့လာခြင်းမှ တွေ့ရှိခြင်းဖြစ်ပါသည်။
လူကြီးမင်းတို့လည်း ထီကံစမ်းမည် ဆိုပါက ငွေအမြောက်အများဝင်ကိန်းရှိသည့်
ကာလအတွင် ထီပေါက်နိုင်သည့် အကြိမ်တွင် ထီကံစမ်းဖို့ အကြံပြုအပ်ပါသည်။
ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ-A.G.T.I.(civil)
ဟောခန်း=အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့် သပြေကုန်းရပ်ကွတ်
နေပြည်တော်။ FAX:067-414434, ph:09-420727866,09-6801883
Email:sayaphonemyint.npt@gmail.com
www.sayaphone.webs.com တွင်လည်း လေ့လာနိုင်ပါသည်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်