Monday, March 26, 2018

ဖေ့ဘုတ်မိတ်ဆွေဖြစ်ခြင်း(၁)နှစ်ဖြစ်သည့်အတွက် မိတ်ဆက်ခြင်း


ဖေ့ဘုတ်
မိတ်ဆွေဖြစ်ခြင်း(၁)နှစ်ဖြစ်သည့်အတွက် မိတ်ဆက်စာ အသိပေးရေးလိုက်ပါသည်။

-လူကြီးမင်း ဝီရိယနဲ့ စီးပွားရှာလို့ ဒီလောက်ရတာပါ။
-‎အရင်းအနှီးအနည်းငယ်နှင့် အမြတ်များများကို မြန်မြန်ရဖို့ဆိုလျှင်
-‎ဥာဏ်ဦးစီးပြီး ဝီရိယနှင့် ကံပေါင်းရှာလိုက်လျှင်
-‎ကံထူးပါက ထီပေါက်ပြီး ငွေအမြောက်အများ ရနိုင်ပါသည်။
၁။ကျွန်တော်အကြောင်း
၂။ကျွန်တော့ဝါသနာ
၃။ထီအကြံပြုပေးရာ ထီပေါက်သူများ
၎။သုတေသနထီ
တို့အား သိရှိနိင်ရန် ရေးသားလိုက်ပါသည်။
၁။ကျွန်တော့အကြောင်း
၁၉၆၅ ခုနှစ်တွင် မွေးဖွားပါသည်။
၁၉၇၂ ခုနှစ် ပြည်မြို့မိချောင်းရဲ ရပ်ကွက်တွင် အ မ က(၁)တွင် ပညာသင်ကြားခဲ့ပါသည်။
၁၉၇၆ ခုနှစ်တွင် အ ထ က(၃)တွင် ပဉ္စမတန်း သင်ယူခဲ့ပါသည်။
၁၉၈၂ ခုနှစ်တွင် ၁၀ တန်းဖြေဆိုခဲ့ပါသည်။
၁၉၈၅ ခုနှစ်တွင် ပြည်စင်ပင်သာယာရေးအဖွဲ့တွင် တာဝန်ထမ်း ဆောင်ခဲ့ပါသည်။
၁၉၈၇ ခုနှစ် ပြည်ဝေဒသင်တန်း တက်ရောက်ခဲ့ပါသည်။
၁၉၉၂ ခုနှစ်တွင် အလုပ်မှ ထွက်ပြီး ကျောင်းတက်ခဲ့ပါသည်။
၁၉၉၂ ခုနှစ် ပြည်စက်မူလက်မူ သိပ္ပံ သင်ယူခဲ့ရာ
၁၉၉၄ ခုနှစ်တွင် အောင်မြင်ခဲ့ပါသည်။
၁၉၉၄ ခုနှစ်တွင် ပြည်နဝဒေးတံတားတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်တွင် ဗိုဟ်ချုပ်လမ်းနှင့် ဘုရားနီလမ်းထောင့်တွင်
ထီအကြံပြုပေးခြင်း ဗေဒင်ဟောခန်း ဆောင်ရွက်ခဲ့ပါသည်။
၁၉၉၆ ခုနှစ်တွင် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွ့ဖြိုး
တိုးတက်ရေးဝန်ကြီးဌာန စည်ပင်သာယာရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၉၆ ခုနှစ် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့တွင် ဒုလက်ထောက် အင်ဂျင်နီယာဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၉၇ ခုနှစ် ပဲခူတိုင်း တောင်ငူမြို့တွင်တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၁၉၉၇ ခုနှစ် တောင်ငူမြို့(၁)လမ်းတွင် ထီအကြံပြုပေးခြင်း ဗေဒင်ဟောခန်းဖွင့်ပါသည်။
၁၉၉၉ ခုနှစ်တွင် ရန်ကုန်(ရုံးချုပ်)တွင် တာဝန်ထမ်းဆောင်ပါသည်
၁၉၉၉ ခုနှစ်တွင် ရန်ကုန်မြို့တွင် ထီအကြံပြုပေးခြင်း ဗေဒင်ဟောခန်းဖွင့်ခဲ့ပါသည်။
၂၀၀၀ ခုနှစ်တွင် ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၀၂ ခုနှစ်တွင် ဧရာဝတီတိုင်း ကံကြီးထောင့်မြို့နယ်တွင် တာဝန်ထမ်းစောင်ခဲ့ပါသည်။
၂၀၀၃ ခုနှစ်တွင် ပဲခူးတိုင်း ပြည်ခရိုင်တွင် တာဝန်ထမ်းဆောင်ခဲ့ ပါသည်။
၂၀၀၃ ခုအောက်တိုဘာလမှစပြီး အထူးဖွ့ဖြိုးရေးစီမံကိန်း နေပြည်တော်တွင် တာဝန်ထမ်းဆောင်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်မှ ယနေ့ထိ နေပြည်တော် သပြေကုန်းတွင် ထီအကြံပြုပေးခြင်း ဆောင်ရွက်လျှက်ရှိပါသည်။
၂၀၁၇ ခုနှစ်တွင် လက်ထောက်ညွန်ကြားရေးမှုးဖြင့် ပင်စင်(ငြိမ်း) ယူခဲ့ပါသည်။
၂။ကျွန်တော့ဝါသနာ
ဝေဒနည်းပညာကို ဝါသနာပါပါသည်။
၁၉၈၇ ခုနှစ် ပြည်ဝေဒသင်တန်း တက်ခဲ့ပါသည်။
၁၉၉၅ ခုနှစ်ပြည်မြို့ ဗိုဟ်ချုပ်လမ်းနှင့် ဘုရားနီလမ်းထောင့်တွင် ထီအကြံပြုပေးခြင်း ဟောခန်းဖွင့်ခဲ့ပါသည်။
၁၉၉၉ ခုနှစ် တောင်ငူမြို့ အမှတ်(၁)လမ်းတွင် ထီအကြံပြုပေးခြင်း ဗေဒင်ဟောခန်းဖွင့်ခဲ့ပါသည်။
၂၀၀၀ ခုနှစ်တွင် ရန်ကုန် ပြည် တောင်ငူမြို့တို့တွင် ရက်ကန့်သတ်ပြီး ထီအကြံပြုပေးခြင်း ဆောင်ရွက်ခဲ့ပါသည်။
၂၀၁၁ ခုနှစ်မှ ယနေ့ထိ နေပြည်တော် သပြေကုန်းတွင် ဟောခန်းဖွင်းပြီး အကြံပြုပေးလျှက် ရှိပါသည်။
၃။ထီအကြံပြုပေးရာ ထီပေါက်သူများ
၂၀၁၂ ခုနှစ် သြဂုတ်လတွင် ည ၁၁၅၄၅၅ ဖြင့် ကျပ်သိန်း တစ်ရာ ဆုကြီးအပါအဝင်
ကျပ်သိန်း ၄၅၀ ထီဆုများ ထီအကြံပြုပေးရာ ပေါက်ကြပါသည်။
၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဟ ၉၃၅၄၅၄ ဖြင့်
ကျပ်သိန်း ၅၀၀ ဆုကြီး ထီအကြံပြုပေးရာ ပေါက်ပါသည်။
ထီအကြံပြုပေးရာ လိုက်နာကျင့်သုံးသူအားလုံး ထီပေါက်ကိန်းရှိသည့်ကာလအတွင်း
အားလုံးထီပေါက်ပါသည်။
၎။သုတေသနထီ
မိဘဆရာသမားများနှင့် ကျေးဇူးရှိခဲ့ဖူးသူများအတွက်ရည်ရွယ်ကာ
၂၀၁၇ ခုနှစ်သြဂုတ်လမှစတင်ပြီး သုတေသနထီ (၁)စောင်စီ အကျိုးတူ ကံစမ်းလျှက်ရှိရာ
မိဘဆရာသမားများနှင့် ထီကံဆွေးနွေးလာသူများထဲမှ ကံသာသူ များထီပေါက်လျှက်ရှိပါသည်။
-ထီပေါက်လျှင် တစ်စောင်ထဲ
-‎မူလဇာတာအရ ထီပေါက်မည့် အကြောင်းရင်းကို ကြိုတင်သိဖို့နဲ့
-‎ကံစမ်းထားဖို့သာလိုပါသည်။
-‎ကံသာလျှင် ထီပေါက်မည်။

-‎လူကြီးမင်းလည်း သိဖို့နဲ့ စဉ်းစားလို့ရအောင် မိတ်ဆက်စာ ရေးလိုက်တာပါ။
-‎ဥာဉ်နှင့်မလုပ်စမ်းပါနှင့် ဥာဏ်နှင့်လုပ်စမ်းပါ။
-‎ဝီရိယကို နှစ်ဆတိုးလိုက်ပါ။
-‎ကိုယ်ပိုင်ဥာဏ်ဖြင့် သိရှိပြီးမှ လိုက်နာကျင့်သုံးဖို့စဉ်းစားပါ။
-‎မှန်ကန်စွာ သိရှိနားလည်မူကြောင့် ယုံကြည်မူကို ဖြစ်စေသည်။
-‎မိမိကိုယ်မိမိ ယုံကြည်မူကြောင်းစွန့်စားရဲသည့်သတ္တိရှိခြင်း‎ဖြစ်ပါသည်။
-‎လူကြီးမင်း ဝီရိယနဲ့စီးပွးရှာလို့ ဒီလောက်ရတာပါ။
-‎အရင်းအနှီးအနည်းငယ်နှင့် အမြတ်များများကို မြန်မြန်ရဖို့ဆိုလျှင်
-‎ဥာဏ်ဦးစီးပြီး ဝီရိယနဲ့ ကံပေါင်းရှာလိုက်လျှင် ကံထူးပါက
-‎ငွေအမြောက်အများ ရနိုင်ပါသည်။
-‎လူကြီးမင်းလည်း ကံထူးလျှင် ရနိုင်ပါသည်။
-‎27.3.2018

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်