Tuesday, January 23, 2018

မူလဇာတာအရ ထီပေါက်ပြီ



ပညာ

ပညာဆိုတာ ဖြစ်ရပ်တစ်ခုကို တွေ့လိုက်ရင် အကြောင်းရင်းကို ရှာဖွေတတ်ခြင်းပဲ။
တစ်နည်းအားဖြင့် အကျိုးတရားတစ်ခုကိုတွေ့ရင် အကြောင်းအရင်းကို ရှာတတ်ခြင်းပဲပေါ့။
ဗေဒင်ဝါသနာပါပြီး ထီစိတ်ဝင်စားသူဖြစ်သဖြင့် ဗေဒင်နှင့်ထီဆက်စပ်မူကိုသာ ရေးမည်ဖြစ်ပါသည်။
ထီပေါက်ခြင်း
မိမိကံစမ်းထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော
ထီအက္ခရာ၊နေရာအလိုက်ဂဏန်းတူလျှင် တူသောဆု ထီပေါက်ပါသည်။
တစ်နည်းအားဖြင့်                                                    
ထီပေါက်မည့် ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများကို ကြိုတင်သိရှိပြီး ယူထားလျှင်လည်း
မိမိယူထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော
ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ တူသဖြင့် ထီပေါက်နိင်ပါသည်။
နောက်တစ်နည်း
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာဖွဲ့စည်းပုံနောက်ကွယ်ရှိ
ထီပေါက်မည့် ထီအက္ခရာ၊ပထမနေရာဂဏန်းနှင့်ဒုတိယနေရာဂဏန်းတို့ကို ကြိုတင်သိရှိပြီး၊
ယူထားပါက ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ တူလျှင်လည်း
ထီပေါက်နိင်ပါသည်။

ဝေဒနည်းပညာ
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
ထီပေါက်ခြင်း
မိမိကံစမ်းထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော
ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ အစဉ်လိုက်တူလျှင် တူသောထီဆု ထီပေါက်ပါသည်။
ကံတိုက်ထီကံစမ်းခြင်း
မြန်မာ့ထီမှာ(၁၃၀၀)ခုနှစ်မှ စတင်ပါသည်။ထီလက်မှတ်တစ်စောင်တွင် ထီအက္ခရာတစ်လုံးနှင့်
နေရာအလိုက်ဂဏန်းခြောက်လုံးပါရှိပါသည်။
ထီကံစမ်းသူများသည် ကံတိုက်ထီကံစမ်းခြင်းဖြစ်ပါသည်။တူလျှင်ပေါက်ပြီး၊မတူလျှင်မပေါက်ခြင်း
ဖြစ်ပါသည်။
တူသူများကို ထီပေါက်သဖြင့် ကံသာယူများဟုယူဆကြပါသည်။မတူသူများကို ထီမပေါက်သဖြင့်
ကံမသာသူများ ဖြစ်ပါသည်။
ထီကံစမ်းသူများထဲမှ ကံသာသူများ ထီပေါက်ခြင်းဖြစ်ပါသည်။
ဝေဒနည်းပညာဖြင့် စဉ်းစားခြင်း
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။မူလဇာတာနှင့်ထီပေါက်ခြင်း
ဆက်စပ်မူအရ ကြိုတင်သိရှိရမည်ဖြစ်ပါသည်။ မသိသေးပါက မိမိလေ့လာသော ဝေဒနည်းပညာ
ဥပဒေသများ လိုနေသေးလို့ဟု သဘောထားကာ ဆက်လက်လေ့လာသင်ယူပါသည်။

ထီပေါက်သူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရလည်းကောင်း
သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှ ယနေ့ထိ၊
ထီဆွေးနွေးအကြံပြုပေးခြင်း အတွေ့အကြုံများအရ လည်းကောင်း ပိုင်းခြားသိရှိရခြင်းဖြစ်ပါသည်။
အကျိုးကိုတွေ့လို့အကြောင်းရှာခြင်း

ထီပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း(သို့) အကြောင်းရင်းကို ရှာဖွေခြင်း
ထီပေါက်သူ၏ အခြေခံအချက်အလက်များအရ မူလဇာတာရရှိပါသည်။
၁။ထီပေါက်သူ၏ မူလဇာတာနှင့်ထီအက္ခရာဆက်စပ်မူအား လေ့လာခြင်း
၂။ ထီပေါက်သူ၏ မူလဇာတာနှင့် ပထမနေရာဂဏန်းဆက်စပ်မူတို့အား လေ့လာခြင်း
၃။ ထီပေါက်သူ၏ မူလဇာတာနှင့် ဒုတိယနေရာဂဏန်းဆက်စပ်မူတို့အား လေ့လာခြင်း
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာဖွဲ့စည်းပုံနောက်ကွယ်ရှိ
ထီအက္ခရာ၊ပထမနေရာဂဏန်းနှင့်ဒုတိယနေရာဂဏန်းတို့ကို ဝေဒနည်းပညာဥပဒေသများအရ
ပိုင်းခြားသိရှိရခြင်းဖြစ်ပါသည်။
မူလဇာတာအရ ကြိုတင်သိရှိနိင်ခြင်း

မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာဖွဲ့စည်းပုံနောက်ကွယ်ရှိ
ထီအက္ခရာတစ်လုံး၊ပထမနေရာဂဏန်းတစ်လုံးနှင့်ဒုတိယနေရာဂဏန်းတစ်လုံးတို့ကို
ဝေဒနည်းပညာဥပဒေသများအရ ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
ဝီရိယကိုနှစ်ဆတိုးလိုက်ခြင်း
(အကြောင်းသိလို့ အကျိုးရှာခြင်း)
မူလဇာတာနှင့်ကိုက်ညီသော ထီအက္ခရာ၊ပထမနေရာဂဏန်းနှင့်ဒုတိယနေရာဂဏန်းတို့ကို
ရရှိအောင် ၀ီရိယကိုနှစ်ဆတိုးကာရရှိအောင် ယူထားခြင်း
ထီပေါက်ခြင်း

မူလဇာတာအရ မိမိယူထားသော ထီအက္ခရာတစ်လုံး၊ပထမနေရာဂဏန်းတစ်လုံးနှင့် ဒုတိယနေရာ
ဂဏန်းတို့နှင့်ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊ပထမနေရာဂဏန်းများ၊ဒုတိယနေရာဂဏန်း
များတူပါက တူသောဆုထီပေါက်ပါသည်။

ကံစမ်းထားသော နောက်ဂဏန်းများတူပါက ထီဆုကြီးပေါက်နိင်ပါသည်။
သင်ဆရာမြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ဝေဒနည်းပညာဥပဒေသများအရ ပိုင်းခြားသိရှိ
ရခြင်းဖြစ်ပါသည်။
၂၄.၁.၂၀၁၈

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်