Saturday, December 30, 2017

မူလဇာတာနောက်ကွယ် သင်ယူလေ့လာခြင်း



မူလဇာတာနောက်ကွယ် သင်ယူလေ့လာခြင်း

အခြေခံအချက်အလက်များအရ မူလဇာတာရရှိပါသည်။ မူလဇာတာတွင် ရာသီ(၁၂)ပါး ဘာဝ(၁၂)ခု လဂ်နှင့်ဂြိုဟ်(၉)လုံးပါရှိပါသည်။နောက်ကွယ်တွင် နက္ခတ်(၂၇)လုံး ရှိနေပါသည်။ လေ့လာသူများနှင့် သင်ထားသူများ သိပါသည်။ နက္ခတ်(၂၇)လုံး ကိုစိုးမိုးသော ထီအက္ခရာများ နက္ခတ်(၂၇)လုံး
နောက်ကွယ်တွင် ရှိနေပြန်ပါသည်။သင်ကြားပေးသော ဆရာဒေါက်တာထူးလား Ph.D(Astrologer India)၏ ပညာပါရမီကြောင့်သာ သိရခြင်းဖြစ်ပါသည်။
စာအုပ်တွေထဲလည်း ရေးသူမရှိသဖြင့် မသိရပါ။သိသူမရှိသဖြင့်မရေးခြင်းလည်း ဖြစ်နိင်ပါသည်။
နက္ခတ်(၂၇)လုံး နောက်ကွယ်တွင် နက္ခတ်စိုးမိုးဂဏန်းများရှိပါသည် လေ့လာလျှင်သော်လည်းကောင်း သင်ယူလျှင်သော်လည်းကောင်းသိနိင်ပါသည်။
နက္ခတ်ဘုတ္တိ စိုးမိုးဂဏန်း ဂြိုဟ်အံသာအရ စိုးမိုးဂဏန်းများကို လေ့လာလျှင်သော်လည်းကောင်း သင်ယူလျှင်သော်လည်းကောင်း သိနိင်ပါသည်။
ဘယ်နေရာဂဏန်းလဲ?
နက္ခတ်စိုးမိုးဂဏန်းသိသော်လည်း နေရာသိဖို့ စာအုပ်ထဲတွင်မပါပါ။ ထီပေါက်ဖူးသူများ၏
မူလဇာတာများကို သုတေသနပြုလုပ်လေ့လာခြင်း သိခြင်း ကိုယ်တိုင်ထီကံစမ်းသပ်ခြင်း ကိုယ်တိုင်ထီပေါက်ခြင်းစသည်ဖြင့် သိရှိရခြင်းဖြစ်ပါသည်။
1995
ခုနှစ်မှစတင်ပြီး ယနေ့ထိ ထီဆွေးနွေးအကြံပြုပေးလျှက်ရှိရာမူလဇာတာတွင်သတ်မှတ်ပုံဖေါ်ပေး
လိုက်သည့်အတိုင်းမူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့် ထီအက္ခရာ၊ ထီပေါက်မည့် ပထမနေရာ
ဂဏန်းထီပေါက်မည့် ဒုတိယနေရာဂဏန်းတို့ကိုဝေဒနည်းပညာ ဥပဒေသများအရဆရာသမားမိဘ
ဂုဏ်ကျေးဇူးကြောင့် ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
မိမိကံစမ်းထားသောထီအက္ခရာနေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ အစဉ်လိုက်တူလျှင် ထီပေါက်ပါသည်။
ထီပေါက်လျှင်တစ်စောင်ထဲ
မူလဇာတာအရ ကြိုတင်သိဖို့နဲ့ ကံစမ်းထားဖို့သာ လိုပါသည်။
ကံသာလျှင် ထီပေါက်မည်။

မူလဇာတာအရ ထီပေါက်မည့် ထီအက္ခရာနှင့်နေရာအလိုက်ဂဏန်း များကို ကြိုတင်သိရှိရသဖြင့် ငွေကြေးကုန်ကျမူ သက်သာခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရားတစ်ခုဖြစ်ပါသည်။

ကံသာလျှင် ထီပေါက်ခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရားတစ်ခုဖြစ်ပါသည်။
ကံထူးသည့်အကြိမ် ထီဆုကြီးပေါက်ခြင်းသည်လည်း အကျိုးရှိခြင်း အကြောင်းတရား တစ်ခုဖြစ်ပါသည်။
31.12.2017

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်