Friday, August 4, 2017

အကြောင်းအကျိုးလေ့လာခြင်း(၅၀၀)





အကြောင်းအကျိုးလေ့လာခြင်း(၅၀၀)
ထီကံစမ်းခြင်းသည် အကြောင်းတရားဖြစ်ပါသည်။ ထီပေါက်ခြင်းသည် အကျိုးတရားဖြစ်ပါသည်။
 (၄.၈.၂၀၁၇)ရက်နေ့တွင် အကြောင်းညီညွတ်သဖြင့် (၅)ကြိမ်မြောက်တွင် ကတ ၂၁၅၈၆၅ ဖြင့်
ကျပ်သိန်း(၅၀၀)ပေါက်သူနှင့်တွေ့ဆုံဆွေးနွေးပြီး မှတ်တမ်းတင်ဓါတ်ပုံပါ ရိုက်ဖြစ်ခဲ့ပါသည်။
ထီပေါက်သူနှင့် တွေ့ဆုံဆွေးနွေးခွင့်ရအောင် အကျိုးဆောင်ပေးသော မိုးယံကင်း-ကိုယ်စာလှယ်
ဦးဝင်မင်း-နေပြည်တာ်(ပျဉ်းမနား)အား အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ကျပ်သိန်း(၁)သောင်းဆုကြီးအပါအ၀င် ထီပေါက်သူများ၏ မူလဇာတာများကို စိတ်ဝင်စားသဖြင့်
ထီသုတေသနလုပ်နေသဖြင့် အခြေခံအချက်အလက်များပေးသော ထီပေါက်သူအား အထူးကျေးဇူး
တင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီပေါက်သူ၏ ကိုယ်ရေးကိုတာကိစ္စဖြစ်သဖြင့် အမည် မွေးသက္ကရာဇ်နှင့်ဖုန်းနံပတ်တို့အား
မဖေါ်ပြတော့ပါ။
ရောင်းချရငွေ၏(၄၀)%သည် နိင်ငံတော်အတွက်ဖြစ်ပြီး၊ကျန်(၆၀)%သည် ကံသာသူများအတွက်
ဖြစ်ပါသည်။ကံသာသူများထဲမှ ကံထူးသူများသည် ထီဆုကြီးပေါက်သူများဖြစ်ပါသည်။
မိမိတတ်နိင်သလောက်မိမိပတ်ဝန်းကျင်တွင် ထီကံစမ်းသပ်ဖို့သာလိုပါသည်။
ထီကံသာသူများ ထီပေါက်ကြပါသည်။ထီကံထူးသူများ ထီဆုကြီးပေါက်ကြပါသည်။
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်ဆိုတော့ မူလဇာတာအရ
ကြိုတင်သိချင်သူများဆွေးနွေးနိင်ပါသည်။
လေ့လာလိုသူ ဗေဒင်ဝါသနာပါသူများအတွက် မျှဝေလိုက်ပါသည်။
၎.၈.၂၀၁၇

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်