Thursday, July 13, 2017

ထီပေါက်သူနှင့်ဆွေးနွေးခြင်း(၄)





ထီပေါက်သူနှင့်ဆွေးနွေးခြင်း(၄)
အကြောင်းညီညွတ်သဖြင့် ထီပေါက်သူနှင့်ဆွေးနွေးဖြစ်ပါသည်။ထီရှေ့ပူးအထူး(၉)တွဲ ကံစမ်းသူလည်း
ဖြစ်ပါသည်။
(၄)ကြိမ်မြောက်တွင် ရှေ့ပူးအထူး(၉)တွဲ ကံစမ်းသူဖြစ်သဖြင့် ကဈ ၉၉၇၂၆၈ ဖြင့် ကံအကျိုးပေးသော
ထီဆုပေါက်ပါသည်။
ထီအကြံပြုပေးရာ ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါ
သည်။
(၄) ကြိမ်မြောက်တွင် ထီပေါက်စဉ်ကို လေ့လာရာတွင် ကျပ်သိန်း(၁)သောင်းဆုတွင် အပူးမထွက်သဖြင့်
ထီကံထူးသူ ပေါက်ပါစေ။ထားပါတော့
ကျပ်သိန်း(၅)ထောင်ဆု။ကျပ်သိန်း(၃)ထောင်ဆုနှင့်ကျပ်သိန်း(၁)ထောင်ဆုတို့တွင် ရှေ့ပူးများထွက်
သဖြင့် ထီပေါက်လိုကြောင်းဆွေးနွေးလာပါသည်။
ထီဂဏန်း(၆)လုံးရှိသဖြင့် တတိယနေရာဂဏန်းကို ဝေဒနည်းပညာဖြင့် အကြံပြုပေးပါရန် ဆွေးနွေးလာ
ပါသည်။
မူလဇာတာအရ တတိယနေရာ ဂဏန်းကြိုတင် သိပါက ကံစမ်းထားသော နောက်ဂဏန်း(၃)လုံး
အစဉ်လိုက်တူပါက ထီပေါက်နိင်ကြောင်း ဆွေးနွေးလာပါသည်။
ဆွေးနွေးလာသူအား အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီယူထာခြင်းနှင့်ကံစမ်းခြင်း
ကျပ်သိန်း(၁)သောင်းဆုတွင်ထီအက္ခရာနှင့်နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။
ဘယ်နေရာက ဘာတွေကို ဘယ်စနစ်နဲ့ယူထားပြီး
ဘယ်နေရာက ဘာတွေကိုကံတိုက်ထီကံစမ်းမှာလဲ?
မိမိစိတ်ကြိုက် ထီယူထားခြင်းနှင့်ကံစမ်းခြင်းကိုမိမိကိုယ်တိုင်ရွေးချယ်ပါ။
ဘယ်စနစ်နဲ့ကံစမ်းမှာလဲ?
မူလဇာတာအရ မိမိထီကံစမ်းသပ်သည့်နည်းစနစ်အရလိုအပ်သည်များ ထီအကြံပြုပေးပါသည်။
ထီဂဏန်း(၆)လုံးရှိသည့်အနက် ရှေ့ဂဏန်း(၂)လုံးကို အပူးစိတ်ဝင်စားသူဖြစ်သဖြင့်
ယူထားရာ တူပြီးဖြစ်ပါသည်။
တတိယနေရာဂဏန်းကို မူလဇာတာအရ ရွေးချယ်ကံစမ်းထားသဖြင့် ထီပေါက်မည့်သူဆိုလျှင်
တူပြီး ဖြစ်ပါသည်။
နောက်ဂဏန်း(၃)လုံးကို ကံတိုက်ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေါက်သူ၏ အတွေးကို ထီစိတ်ဝင်စားသူများအတွက် ဝေမျှလိုက်ပါသည်။
မူလဇာတာအရ ထီပေါက်မည့် တတိယနေရာ အကျိုးပေး နက္ခတ်စိုးမိုးဂဏန်း(၃.၅.၈)ဂဏန်းများကို
အကြံပြုပေးလိုက်ပါသည်။
ဇာတာရှင်မှ (၈)ဂဏန်းကို ရွေးချယ်ကံစမ်းသွားပါသည်။
မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
ထီဂဏန်း(၆)လုံးရှိသည့်အနက် ရှေ့ဂဏန်း(၃)လုံးကို နည်းစနစ်များနှင့်ယူထားခြင်းနှင့်နောက်ဂဏန်း
(၃)လုံးကို ကံတိုက် ထီကံစမ်းခြင်းအား လေ့လာလိုသူများအတွက် မျှဝေလိုက်ပါသည်။
၆.၇.၂၀၁၇
ယခုကာလငွေအမြောက်အများဝင်ကိန်း(သို့)ယခုကာလထီပေါက်ကိန်း
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
ကောင်းကင် ကောဇာ ဓနဂြိုဟ် ကြာသပတေးဂြိုဟ်(၁)ရာသီတွင် ရှိသည့်ကာလကို ယခုကာလ
ငွေအမြောက်အများဝင်ကိန်းရှိသည့် ကာလဟု ဝေဒနည်းပညာဥပဒေသများအရ ယူဆခြင်းဖြစ်
ပါသည်။
ငွေအမြောက်အများဝင်ကိန်းရှိခြင်းကိုနွယ်ပြီး ယခုကာလ ထီပေါက်ကိန်းရှိသည်ဟု ယူဆခြင်းသာ
ဖြစ်ပါသည်။
ယခုကာလ ငွေအမြောက်အများဝင်ကိန်းရှိသည့်
ဇာတာစန်း၊လဂ်တနင်္ဂနွေဂြိုဟ်၊စနေဂြိုဟ်၊ကြာသပတေးရပ်တည်သောရာသီများနှင့်
မိမိ၏ မူလဇာတာ စန်း၊လဂ်၊တနင်္ဂနွေဂြိုဟ်၊စနေဂြိုဟ်၊ကြာသပတေးဂြိုဟ် ရပ်တည်သော
ရာသီများ တိုက်ဆိုင်တူညီမူရှိလျှင်
ယခုကာလ ငွေအမြောက်အများဝင်ကိန်း(သို့)ထီပေါက်ကိန်းရှိခြင်းဖြစ်ပါသည်။
ကောင်းကင်ကောဇာ ဓနဂြိုဟ် ကြာသပတေးဂြိုဟ်သည်(၁)ရာသီတွင်(၁)နှစ်ဝန်းကျင်
ရှိနေတတ်သဖြင့် ငွေအမြောက်အများဝင်ကိန်း(သို့)ယခုကာလ ထီပေါက်ကိန်းသည်လည်း
(၁)နှစ်ဝန်းကျင် ရှိနေခြင်းဖြစ်ပါသည်။
၁၉၉၅ ခုနှစ်မှစတင်ပြီး ယနေ့ထိ၊ကျပ်သိန်း(၁)သောင်းထီပေါက်ဖူးသူများအပါအ၀င်ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေး
နွေးရာတွင်ထီပေါက်သူအားလုံးသည်ယခုကာလ ထီပေါက်ကိန်းရှိသူများသာ ဖြစ်နေကြောင်း
လေ့လာတွေ့ရှိရပါသည်။
လေးစားလျက်
၁၁.၇.၂၀၁၇

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်