Thursday, March 2, 2017

ထီပေါက်သူနှင့် ဆွေးနွေးခြင်း ကျပ်သိန်း(၁)သောင်းဆု ထီကိုဘယ်လိုကံစမ်းရမလဲ?



ထီပေါက်သူနှင့် ဆွေးနွေးခြင်း ကျပ်သိန်း(၁)သောင်းဆု ထီကိုဘယ်လိုကံစမ်းရမလဲ?
အကြောင်းညီညွတ်သဖြင့် ထီပေါက်သူနှင့် ဆွေးနွေးဖြစ်ပါသည်။ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့်သိပြီး လိုက်နာကျင့်သုံးရာ ထီပေါက်သဖြင့် ထီပေါက်သူနည်းတူ ၀မ်းသာမိတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။
ကျပ်သိန်း(၁)သောင်းဆု ထီကို ဘယ်လိုကံစမ်းရမလဲ? ဆွေးနွေးလာသူကို အထူးကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင် လိုက်ပါသည်။
အခြားထီစိတ်ဝင်စားသူများပါ သိရှိလေ့လာနိင်ရန် ရေးသားလိုက်ပါသည်။
ထီနှင့်ပတ်သက်ပြီး အကြံပြုပေးရာတွင်
၁။ ထီပေးသည့်စနစ်
၂။ အောင်ဘာလေမှ ထီရောင်းသည့်စနစ်
၃။ မူလဇာတာအရ နေရာအလိုက်ဂဏန်းများ
၎။ ထီကံစမ်းလိုသည့် စောင်ရေ
စသည်တို့ကို ပေါင်းစပ်စဉ်းစား အကြံပြုပေးရန် လမ်းညွန်ထားပါသည်။
၅။ အောင်ဘာလေမှ ထီရောင်းသည့်စနစ်အရ
ကျပ်သိန်း(၁)သောင်းဆုကြီးတွင် နောက်ဂဏန်းများ စဉ်းစားရန်
မိမိတတ်နိင်သလောက် နောက်ဂဏန်းများကို ယူထားရန်နှင့်      
အက္ခရာနှင့် ရှေ့ဂဏန်းများကို ကံတိုက်ထီကံစမ်းသပ်ဖို့ ဆရာသမားများမှ လမ်းညွန်ထားပါသည်။
၁။ ထီပေးသည့်စနစ်ကို လေ့လာခြင်း
ကျပ်သိန်း(၁)သောင်းဆုတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံး ရှိပါသည်။
ဘယ်နေရာက ဘာတွေကို ယူထားပြီး၊ဘယ်နေရာက ဘာတွေကို ကံတိုက်ထီကံစမ်းမှာလဲ?
မိမိစိတ်ကြိုက် ကံစမ်းနိင်ပါသည်။
 (ထီပေါက်သူ ကံစမ်းသည့် ထီ(၃၀၀)စောင် စတုထ္ထနေရာ(၉.၆.၁)ဂဏန်းတို့ကို
လေ့လာလိုသူများအတွက် အသိပေးမျှဝေလိုက်ပါသည်။)



၂။ အောင်ဘာလေမှ ထီရောင်းသည့်စနစ်
အောင်ဘာလေမှ ထီရောင်းသည့်စနစ်ကို လေ့လာရာတွင် အက္ခရာ(၁)လုံးကို ထီအုပ်(၁၀၀)၊ထီစောင်အရေအတွက်(၁၁၀၀)စောင် ရောင်းချခြင်း ဖြစ်ပါသည်။
၂-၁  ထီ(၁၀၀၀)စောင် ကံစမ်းသပ်ပါက ကျပ်သိန်း(၁)သောင်းဆုတွင် နောက်ဂဏန်း(၃)လုံးကို ယူထားခြင်းဖြစ်ပါသည်။အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံးကို ကံတိုက် ထီကံစမ်းသပ်ခြင်း ဖြစ်ပါသည်။
(ငွေကြေးတတ်နိင်သူများအတွက် အဆင်ပြေပါသည်။)
၃။ မူလဇာတာအရ နေရာအလိုက်ဂဏန်းများ
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့်စထုထ္ထနေရာ ဂဏန်း(၃)လုံးကို ဝေဒနည်းပညာ ဥပဒေသများအရ
 ကြိုတင် သိရှိနိင်ပါသည်။
၃-၁  ထီ(၃၀၀)စောင် ကံစမ်းသပ်ပါက ကျပ်သိန်း(၁)သောင်းဆုတွင် နောက်ဂဏန်း(၂)လုံးကိုယူထားခြင်း ဖြစ်ပါသည်။အက္ခရာနှင့် ရှေ့ဂဏန်း(၄)လုံးကို ကံတိုက် ထီကံစမ်းခြင်း ဖြစ်ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းခြင်း(၃-၂)

၃-၂ ထီ(၃၀၀)စောင် ကံစမ်းပါက ကျပ်သိန်း(၁)သောင်းဆုတွင် နောက်ဂဏန်း(၂)လုံးကို ယူထားခြင်းဖြစ်ပါသည်။ စတုထ္ထနေရာဂဏန်းကို မူလဇာတာအရ ဂဏန်း(၃)လုံးဖြင့် ထီကံစမ်းခြင်း ဖြစ်ပါသည်။


အက္ခရာနှင့်ရှေ့ဂဏန်း(၃)လုံးကို ကံတိုက် ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီလက်မှတ်ရရှိဖို့ကတော့မလွယ်ကူပါ။ ၀ီရိယကို(၂)ဆ တိုးကာ (၁)လ ကြိုတင် စာရင်းပေးထီမှာသူများသာ အဆင်ပြေနိင်ပါသည်။
ဝေဒနည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းခြင်း(၃-၄)
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့်
စထုထ္ထနေရာ ဂဏန်း(၁)လုံးကို ဝေဒနည်းပညာ ဥပဒေသများအရ ကြိုတင် သိရှိနိင်ပါသည်။
၃-၄ ထီ(၁၀၀)စောင် ကံစမ်းပါက ကျပ်သိန်း(၁)သောင်းဆုတွင် နောက်ဂဏန်း(၂)လုံးကိုယူထားခြင်းဖြစ်ပါသည်။ စတုထ္ထနေရာဂဏန်း(၁)လုံးကို မူလဇာတာအရ ဂဏန်း(၁)လုံးဖြင့် ထီကံစမ်းခြင်းဖြစ်ပါသည်။
အက္ခရာနှင့်ရှေ့ဂဏန်း(၃)လုံးကို ကံတိုက် ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီလက်မှတ် ရရှိဖို့ကတော့ မလွယ်ကူပါ။ဝီရိယကို(၂)ဆ တိုးကာ (၁)လ ကြိုတင် စာရင်းပေးထီမှာသူများသာ အဆင်ပြေနိင်ပါသည်။
ထီစိတ်ဝင်စားသူများအတွက် အသိပေးရေးသားလိုက်ပါသည်။
ချိန်ခါမလွန်ခင် ဆွေးနွေးပါ။
၂၀၁၇ ခုနှစ် မတ်လ ၂ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်