Friday, August 5, 2016

သင်ယူခြင်းအား မျှဝေခြင်း(၁)



သင်ယူခြင်းအား မျှဝေခြင်း(၁)

အကြောင်းညီညွတ်သည့်အခါများတွင် ဆရာသမားများထံ သင်ယူပါသည်။ဝေဒ
နည်းပညာဖြင့် ပေါင်းစပ်ပြီး ထီကံစမ်းသူများကို ထီဆုကြီးပေါက်စေချင်ပါသည်။
မိမိကိုယ်တိုင်လည်း ထီဆုကြီးပေါက်ချင်ပါသည်။မဖြစ်သေးသည်ကို ကြိုတင် သိ
ခြင်းသည် ဝေဒ နည်းပညာဖြစ်သည်ဆိုလျှင် ဝေဒ နည်းပညာဖြင့် ကြိုတင် သိရှိ
ရမည် ဖြစ်ပါသည်။ထို့ကြောင့် အကြောင်းညီညွတ်သည့်အခါများတွင် လေ့လာ
သင်ယူလျှက် ရှိပါသည်။
ထီဆုကြီးကို ဘယ်လိုသတ်မှတ်မည်လဲ စသည်ဖြင့် လေ့လာသင်ယူပါသည်။
ထီဆုကြီးကို ကျပ်သိန်း(၁၀၀)နှင့် အထက်ထီပေါက်သူများကို ထီဆုကြီးပေါက်သူ
ဟု ယူဆပါသည်။
(၃၃၁) ကြိမ် ထီပေါက်စဉ်တွင်
ကျပ်သိန်း ၁၅၀၀ ဆုကြီးပေါက်သူ(၁)ဦး၊
ကျပ်သိန်း ၁၀၀၀ ဆုကြီးပေါက်သူ(၂)ဦး၊
ကျပ်သိန်း ၅၀၀ ဆုကြီးပေါက်သူ(၅)ဦး၊
ကျပ်သိန်း ၃၀၀ ဆုကြီးပေါက်သူ(၆)ဦး၊
ကျပ်သိန်း ၂၀၀ ဆုကြီး ပေါက်သူ(၇)ဦး၊
ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူ(၁၈)ဦး
စုစုပေါင်း(၃၉) ဦးသည် ထီဆုကြီးပေါက်သူများ ဖြစ်ကြောင်း သင်ယူလေ့လာ
တွေ့ရှိရပါသည်။
ထီရောင်းချသည့်အစောင်အရေအတွက် အတိအကျရှိသော်လည်း ခေါ်ရလွယ်
ကူစေရန် သိန်း(၃၆၀)စောင် ယူဆပါသည်။(၁)ဦးလျှင်(၁)စောင် ထီကံစမ်းပါက
လူသိန်း(၃၆၀)ဦး ထီကံစမ်းခြင်း ဖြစ်ပါသည်။
လူသိန်း(၃၆၀)ဦးတွင်(၃၉)ဦး ထီဆုကြီးပေါက်သည့် သဘောတရားပါ။
ထီဆုကြီးပေါက်ဖို့ဆိုလျှင် ဝေဒ နည်းပညာအရ ဓနယုဂ် ရသည့်သူများသာ
ဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။ထို့ကြောင့် ဆရာသမားထံ သင်ယူခြင်း
ဖြစ်ပါသည်။လူသိန်း(၃၆၀)တွင် ဓနယုဂ် ရသူပေါင်း လူ(၁)သိန်း ရှိသည်ဆိုလျှင်
လည်းကောင်းထဲမှ အားကောင်းသူ ကံသာသူ(၃၉)ဦး ထီဆုကြီးပေါက်ခြင်းဖြစ်
ကြောင်း သင်ယူလေ့လာမိပါသည်။
မည်သို့ပင်ဆိုစေ ထီဆုကြီးပေါက်သူ ကျပ်သိန်း (၁၅၀၀)မှ ကျပ်သိန်း(၁၀၀)ထိ
ထီပေါက်သူများ၏ မူလဇာတာများကို လေ့လာရာတွင် လည်းကောင်းတို့အားလုံး
တူညီသောအချက်မှာ ယခုကာလထီပေါက်ကိန်းရှိနေခြင်း၊ဓနယုဂ်ရခြင်းတို့
တူညီနေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် မိမိ၏ ဇာတာကို မိမိကြည့်ပြီး ဓနယုဂ် ရ/မရ ကိုယ်တိုင် သိရှိနိင်
ရန် လဂ်(၁၂)ခုစလုံးအတွက် ၁။ ဂြိုဟ်နှင့် ရာသီတို့မှ ပြောသော ဓနယုဂ်နှင့်
၂။ ဂြိုဟ်နှင့် ဘာဝအတန့်တို့မှ ပြောသော ဓနယုဂ်များကို အလွယ်တကူ
လေ့လာသိရှိနိင်ရန် မျှဝေပေးလျက်ရှိပါသည်။
သင်ကြားပေးသော သင်ဆရာ၊မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့်သာ
မျှဝေပေးနိင်ခြင်း ဖြစ်ကြောင်း ၀န်ခံအပ်ပါသည်။
မကြာခဏ ထီဆုကြီးပေါက်ချင်တယ်ပြောနေကြသော ဖေ့ဘုတ်မိတ်ဆွေများ
မိမိ၏ ဇာတာကို ကြည့်ပြီး မိမိကိုယ်တိုင် သိရှိနိင်ရန်မျှဝေခြင်းလည်း ဖြစ်ပါသည်။
တွင် ဖေ့ဘုတ်မိတ်ဆွေများ လေ့လာနိင်ပါသည်။
မူလဇာတာအရ ကံအကျိုးပေးသော ထီဆုများပေါက်ပါစေ။
၂၀၁၆ ခုနှစ် သြဂုတ်လ ၅ ရက်.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်