Tuesday, August 25, 2015

ကျပ်သိန်း ၁၀၀ ပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း




ကျပ်သိန်း ၁၀၀ ပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း
ကျွန်တော်သည် ဗေဒင်ဝါသနာပါသူ တစ်ဦးဖြစ်ပါသည်။
အကြောင်းညီညွတ်သည့်အခါများတွင် ထီပေါက်သူများနှင့်တွေ့ဆုံးဆွေးနွေးဖြစ်ပါသည်။
ထီပေါက်သူများ၏ မူလဇာတာများကို လေ့လာလိုသဖြင့် ဖြစ်ပါသည်။
ထီပေါက်သူနှင့် အကြောင်းမညီညွတ်သဖြင့် တွေ့ဆုံခွင့်မရသော်လည်း ထီပေါက်သူ၏
မွေးဖွားသက္ကရာဇ်အား ရရှိခဲ့ပါသည်။
မွေးဖွားသက္ကရာဇ် ရရှိအောင် ဆောင်ရွက်ပေးသူ မိုးယံပင်ရင်း ပျဉ်းမနား ဦးဝင်းမင်းနှင့်
ထီပေါက်သူအား အထူးပင်ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီပေါက်သူ၏ အမည်နှင့် နေရပ်လိပ်စာတို့အား ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သဖြင့်
လည်းကောင်းမဖေါ်ပြတော့ပါ၊သို့သော် ဇာတာရှင်သည် ၃၁၉ ကြိမ်(၁.၈.၂၀၁၅)
ထီဖွင့်ပွဲတွင် ယ ၁၅၃၉၈၈ ဖြင့် ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူဖြစ်ပါသည်။
ဗေဒင်ဝါသနာပါသူ ထီစိတ်ဝင်စားသူ သုတေသနပြု လေ့လာလိုသူများအတွင်
ရေးသားလိုက်ပါသည်။
ယခုကာလထီပေါက်ကိန်း

ယခုကာလ ထီပေါက်ကိန်းကို ဆန်းစစ်ရာတွင်
မူလဇာတာလဂ်၊
မူလဇာတာစန်း၊
မူလဇာတာ ကြာသပတေးဂြိုဟ်၊
မူလဇာတာ စနေဂြိုဟ်၊
မူလဇာတာ တနင်္ဂနွေဂြိုဟ် တို့ကို
ယခုကာလ ထီပေါက်ကိန်း ရှိနေသည့်
ဇာတာလဂ်၊စန်း၊ကြာသပတေးဂြိုဟ်၊စနေဂြိုဟ်၊တနင်္ဂနွေဂြိုဟ်တိုနှင့်
တူညီတိုက်ဆိုင်မူ ရှိ/မရှိ ဆန်းစစ်ပါသည်။
တူညီမူ ရှိပါက ယခုကာလ ထီပေါက်ကိန်း ရှိနေပြီး၊
မူညီမူ မရှိပါက ယခုကာ ထီပေါက်ကိန်း မရှိပါ။
 မူလဇာတာအား လေ့လာခြင်း
 
ဇာတာရှင်သည် ဓနုရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
တနင်္လာဂြိုဟ်သည် ကုံမ် ရာသီတွင် ရှိနေပါသည်။
ကြာသပတေးဂြိုဟ်သည် တူ ရာသီတွင် ရှိနေပါသည်။
စနေဂြိုဟ်သည် ဓနုရာသီတွင် ရှိနေပါသည်။
တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာ ရာသီတွင် ရှိနေပါသည်။
ဇာတာရှင်သည် မူလဇာတာတွင် စနေဂြိုဟ် ဓနုရာသီတွင် ရှိနေပါသဖြင့်
(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆) ကာလအတွင်း ထီပေါက်ကိန်း ရှိနေပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက `ဝေဒ´နည်းပညာ ဥပဒေသများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဒုတိယနေရာ ဂဏန်းအား လေ့လာခြင်း
ထီပေါက်ဖူးသူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
တနင်္ဂနွေဂြိုဟ်စိုးမိုးသည့် နက္ခတ် စိုးမိုးဂဏန်းများသည် ဒုတိယနေရာ ဂဏန်းဖြစ်နေ
ကြောင်းလေ့လာတွေ့ရှိရပါသည်။
ဇာတာရှင် မူလဇာတာတွင် တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာ ရာသီတွင် ရှိနေပါသည်။
တနင်္ဂနွေစီး နက္ခတ်မှာ ၀ိသာခါ နက္ခတ် ဖြစ်ပါသည်။နက္ခတ် စိုးမိုးဂဏန်းမှာ(၅)ဂဏန်း
ဖြစ်ပါသည်။
စိုးမိုးဂဏန်း (၅)ဂဏန်းသည် ဒုတိယနေရာ ဂဏန်းဖြင့် ထီပေါက်လျှက် ရှိနေကြောင်း
လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင် ဒုတိယနေရာဂဏန်း(၅)ဖြင့် ထီပေါက်ခြင်းက
`နက္ခတ်´နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဒသာအားလေ့လာခြင်း

(၂၃.၄.၂၀၁၅)မှ(၉.၉.၂၀၁၅)ကာလအတွင်း
ဗုဒ္ဓဟူး ထူလ၊
ကြာသပတေး အန္တရ၊
သောကြာပြန္တတရ၊
ဒသာတွင် ထီပေါက်နေကြောင်းလေ့လာတွေ့ရှိရပါသည်။
မူလ ဇာတာဓနုလဂ်၏ (၁၁) တန့် လာဘဓနုသခင်ဂြိုဟ် သောကြာဂြိုဟ် ပြန္တတရဒသာ
တွင် ထီပေါက်သဖြင့် `ဝေဒ´နည်းပညာ ဒသာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
ကောဇာထီဖွင့်ပွဲအားလေ့လာခြင်း

၁.၈.၂၀၁၅ ရက်နေ့(၀၈း၃၀)နာရီ၊ရန်ကုန်မြို့တွင် ထီဖွင့်ပွဲကို ကျင်းပပါသည်။
တနင်္ဂနွေဂြိုဟ်သည် ကရကဋ် ရာသီတွင် ရှိပါသည်။
တနင်္လာဂြိုဟ်သည် မကာရ ရာသီတွင် ရှိပါသည်။
သိဟ်ရာသီလဂ်ဖြင့် ထီဖွင့်ပွဲကို ကျင်းပခြင်းဖြစ်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများနှင့်
ထီပေါက်သူ စန်း၊လဂ်နှင့် တနင်္ဂနွေဂြိုဟ် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများ
တူညီတိုက်ဆိုင်သည့် အကြိမ်သည် ထီပေါက်အား ကောင်းသည့်အကြိမ်ဖြစ်ပါသည်။
ထီဖွင့်ပွဲဇာတာ သိဟ်ရာသီလဂ် နက္ခတ်စိုးမိုးဂဏန်းများမှာ(၉.၆.၁) ဂဏန်းများဖြစ်ပါသည်
ထီပေါက်သူ မူလဇာတာ ဓနုရာသီလဂ် နက္ခတ် စိုးမိုးဂဏန်းများမှာလည်း
(၉.၆.၁) ဂဏန်းများ ဖြစ်ပါသည်။
နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁) ဂဏန်းများ တူညီတိုက်ဆိုင်သည့် အကြိမ်တွင်
ထီပေါက်သဖြင့် ပေါက်အားကောင်းသည့် အကြိမ်တွင် ထီပေါက်သူဖြစ်နေကြောင်း
လေ့လာတွေ့ရှိရပါသည်။
၂၀၁၅ ခုနစ် သြဂုတ်လ ၂၅ ရက်

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်