Thursday, January 1, 2015

ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´သင်ကြားပေးသူကိုယ်တိုင် (၃၁၂) ကြိမ်တွင် ထီပေါက်ပြီ။



Thursday,January 01,2015
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´သင်ကြားပေးသူကိုယ်တိုင် 
(၃၁၂) ကြိမ်တွင် ထီပေါက်ပြီ။

ကျွန်တော်သည် ဗေဒင် ပညာကို ၀ါသနာပါသူ တစ်ဦး ဖြစ်ပါသည်။ထီကို ပိုမိုစိတ်ဝင်စား
ပါသည်။ထို့ကြောင့် ဗေဒင်ဆရာများထံတွင် အကြောင်းညီညွတ်သည့်အခါများတွင်
သင်ယူလေ့လာပါသည်။
သင်ဆရာ၊မြင်ဆရာ အားလုံးသည် ကျွန်တော်၏ ဆရာသမားများ ဖြစ်ပါသည်။
၂၀၁၁ ခုနှစ်တွင် အကြောင်းညီညွတ်သဖြင့် နေပြည်တော်တွင် ဟောခန်းဖွင့် ဖြစ်ပါသည်
ဆရာ ဦးဥာဏ်လင်း(တောင်ငူ-ကန်တော်ကြီး)ထံ၊တစ်လတစ်ခေါက်အမြဲရောက်
ပါသည်။ထီနှင့်ပတ်သက်ပြီး လေ့လာသင်ကြားခြင်းနှင့်
မိမိသိရှိထားသည်များ မှန်ကန်မူ ရှိ/မရှိ သိရှိလိုသဖြင့် သွားရောက်
သင်ကြားခြင်း ဖြစ်ပါသည်။
(၁) ထီပေါက်ကိန်း ရှိတိုင်း ထီပေါက်ပါသလား
တချို့ ထီပေါက်ပြီး၊တချို့ ထီမပေါက်သည်မှာ ဘာကြောင့်လဲ၊
စသည်ဖြင့် ဆွေးနွေးဖြစ်ပါသည်။
ထီပေါက်ကိန်းမှာ ငွေဝင်ကိန်း ကိုနွယ်ပြီး ဟောပြောခြင်း ဖြစ်သဖြင့် ထီမပေါက်သော်
လည်း ငွေဝင်လျှင် မှန်သည်သာ ဖြစ်ပါသည်။
(၂) ထီပေါက်မည် ဆိုလျှင် ဘယ်အက္ခရာ နှင့် ထီပေါက်မှာလည်း၊ဘာကြောင့်လဲ၊
ဆိုသည်ကိုလည်း ဆွေးနွေးဖြစ်ပါသည်။
ငါတော့မသိပါ။(ဆရာဦးဥာဏ်လင်း၏ ရိုးသားမူ ဖြစ်ပါသည်)လေးစားလျက်ပါဆရာ၊
အဲဒါမျိုးက ဦးထူးလား ငါတပည့်တော့ ရှိတယ်၊မင်းသူဆီသွားတောင်း၊
ငါကလွတ်လိုက်တာလို့ပြောဆိုပြီး၊လမ်းညွန်ပေးပါသည်။
ကျွန်တော်အဲလိုသွားလို့ အဆင်မပြေကြောင်း ဆရာမိတ်ဆက်ပေးပါရန် ခွင့်တောင်း
ပါသည်။
သူက နောက်(၆)လဆိုလျှင် ဒေါက်တာဘွဲ့ ယူတော့မှာ မင်းကို ကြုံသည့်အခါ၊
ငါမိတ်ဆက်ပေးပါ့မယ်။
အကြောင်းမညီညွတ်သဖြင့် ဆရာထူးလားနှင့် (၁)နှစ်လောက်
ကြာပြီးနောက် မိတ်ဆက်ပေးပါသည်။
ထိုအချိန်တွင် ဒေါက်တာထူးလား Ph.D (Astrojer India) မှ ဖြစ်နေပါပြီ။
နောက်(၆)လလောက်ကြာသောအခါ ဆရာ ထူးလားထံ သွားပြီး၊
ထီပေါက်မည့် အက္ခရာ သင်ကြားပေးပါရန် တောင်းဆိုသောအခါ ဆရာထူးလားမှ
အက္ခရာ(၃၃) လုံး ရှိသည့်အနက်မှ ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´(၄)လုံးကို
သင်ကြားပေးပါသည်။
သင်ကြားပေးသော ဆရာ ဒေါက်တာထူးလား Ph.D(Astrojer India)အား အထူးပင်
ကျေးဇူးတင်ပါကြောင်းကို မှတ်တမ်းတင်အပ်ပါသည်။
မှန်ကန်မူ ရှိ/မရှိ ထီဆုကြီးပေါက်သူများ၏ ဇာတာများနှင့် တိုက်ဆိုင်ကြည့်သောအခါ
မှန်ကန်မူ ရှိနေကြောင်းကိုလည်း လေ့လာတွေ့ရှိရပါသည်။
(၂၇၁) ကြိမ် ဘ ၉၈၉၀၁၂ ဖြင့် ကျပ်သိန်း(၁၀၀၀) ပေါက်သူ၏ ဇာတာ၊
(၂၇၁) ကြိမ် ဓ ၄၃၉၆၁၅ ဖြင့် သိန်းရာကျော် ပေါက်သူ၏ ဇာတာ၊
(၂၈၃) ကြိမ် ည ၁၁၅၄၅၅ ဖြင့် သိန်းရာကျော်ပေါက်သူ၏ ဇာတာ၊
ထိုပြင် အခြား ထီပေါက်ဖူးသူ ဇာတာများနှင့်လည်း တူညီတိုက်ဆိုင်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
ထို့ကြောင့် လက်တွေ့ (၂၉၉) ကြိမ်တွင် စမ်းသပ်ရာ
ကျွန်တော် ကိုယ်တိုင် စ ၂၄၇၀၄၄ ဖြင့် (၅)သောင်းဆု ထီပေါက်ပါသည်။
ဆရာ ဒေါက်တာထူးလား Ph.D(Astrojer India)မှ
(၃၀၄) ကြိမ်တွင် က ၇၂၁၁၄၄ ဖြင့် ကျပ်(၁) သိန်းဆု ထီပေါက်ပါသည်။

ဆရာ ဒေါက်တာထူးလား Ph.D(Astrojer India)မှ
ယခု (၃၁၂) ကြိမ်တွင် က ၄၁၀၄၇၄ ဖြင့် ကျပ်(၅)သောင်းဆု ထီပေါက်ပါသည်။
ဆရာသမား ထီပေါက်သဖြင့် ၀မ်းသာပိတိဖြစ်ကာ မှတ်တမ်းတင်ရေးသားလိုက်ပါသည်။
 (၁) ယခုကာလ ထီပေါက်ကိန်းလည်း ရှိနေတယ်၊
(၂) မိမိထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´နဲ့လည်း ထီကံစမ်းထားတယ်
ထီမပေါက်သူများမှ ဆွေးနွေးလာပါသည်။
ထို့ကြောင့်(၃)ထီပေါက်ဖို့ ဖြစ်နိင်ချေများသည့်ရှေ့ဂဏန်း(၂)လုံး
အကွက်(၉၀)စောင်ကို ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
ဆရာသမား ထီပေါက်ခြင်းမှာလည်း ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို
ထီကံစမ်းထားသဖြင့် ထီပေါက်ခြင်း ဖြစ်ပါသည်။
ကျပ်သိန်း ၁၅၀၀ ဆုကြီး အပါအ၀င် ထီပေါက်စဉ်တွင် ထွက်သော မည့်သည့်ဆုတွင်
မဆို ရှေ့ဂဏန်း(၂) လုံးတူအောင် ထီပေါက်ဖို့ ဖြစ်နိင်ချေများသည့် နည်းစနစ်နှင့်
ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
လိုအပ်သည်များ ရှိပါက ကျွန်တော်၏ အားနဲချက်ကြောင့်သာ ဖြစ်ပါကြောင်း
ဝန်ခံအပ်ပါသည်။
သင်ဆရာမြင်ဆရာ အားလုံး၏တပည့်
ဆရာဘုန်းမြင့် (ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883


No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်