Sunday, November 24, 2013

ဘယ်ထိပ်စီးနဲ့ ထီကံစမ်းရလည်း



ဘယ်ထိပ်စီးနဲ့ ထီကံစမ်းရလည်း

တစ်နေ့ဟောခန်းသို့ ဗေဒင်စိတ်ဝင်စားသူ တစ်ဦးရောက်ရှိလာပါသည်။၎င်းသည်ထီကို
တစ်ခါတစ်ရံတွင် ထီကံစမ်းကြောင်းနှင့် မိမိရွေးချယ် ကံစမ်းသော ထိပ်စီးများသည်
ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ပါဝင်ခြင်းမရှိသဖြင့် ထိပ်စီးများ သိလျှင် ရွေးပေး
စေလိုကြောင်း မေးလာပါသည်။
ဘယ်အကြိမ် ထီကံစမ်းတာလည်း ဘယ်ထိပ်စီးနဲ့လည်းမေးရာ(၂၈၇) ကြိမ်
(၁.၁၂.၂၀၁၂) ထီဖွင့်ပွဲတွင် (၂)ထိပ်၊(၄)ထိပ်နှင့်(၈)ထိပ်တို့ကို အထူးမင်္ဂလာစုံတွဲ
(၃)တွဲထီကံစမ်းရာ ထီဖွင့်ပွဲတွင် ၄င်းကောင်းထိပ်စီးများ ပါဝင်ခြင်း မရှိကြောင်း
ပြောကြားလာပါသည်။
ထီပေါက်စဉ်နှင့်တိုက်ဆိုင်ကြည့်ရာတွင်(၂၈၇)ကြိမ်တွင်(၂)ထိပ်၊(၄)ထိပ်နှင့်(၈)ထိပ်တို့
ပါဝင်နေခြင်း မရှိကြောင်း လေ့လာတွေ့ရှိရပါသည်။
 ထိပ်စီး(၃)ခု ရွေးချယ် ထီကံစမ်းသော်လည်း ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင်
ထိပ်စီးတောင် မတူသဖြင့် အကြံပြုပေးပါရန် တောင်းဆိုလာပါသည်။

ထီဖွင့်ပွဲဇာတာများကို သုတေသနပြုလုပ် တွေ့ရှိချက်အရ
ထီဖွင့်ပွဲ လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည်
အကြိမ်စဉ် ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ထွက်လျှက်ရှိကြောင်း၊
ထီဖွင့်ပွဲ လဂ်၏(၇)တန့် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံးသည်လည်း
 အကြိမ်စဉ်ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ထွက်လျှက်ရှိကြောင်းနှင့်
ထိုပြင် မိတ်ဖက် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃) လုံးသည်လည်း
အကြိမ်စဉ်ကျပ်သိန်း(၁၀၀) မင်္ဂလာစုံတွဲစနစ်တွင် ထွက်လျှက်ရှိပါကြောင်း
လေ့လာတွေ့ရှိရပါသည်။
၎င်းစိတ်ကြိုက် ရှေ့ဂဏန်း(၃) လုံး ရွေးချယ် ထီကံစမ်းနိုင်ရန် အကြံပြုလိုက်ပါသည်။
လည်းနည်းတူ အခြား ထီစိတ်ဝင်စားသူများလည်း မိမိတို့ပတ်ဝန်းကျင်တွင်
ရွေးချယ် ထီကံစမ်းနိုင်ရန် ပညာဒါန ဝေမျှပါသည်။

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်