Friday, January 11, 2013

ငွေများများနဲ့မြန်မြန်ရဖို့ ထီကံစမ်းစို့




ငွေများများနဲ့မြန်မြန်ရဖို့ ထီကံစမ်းစို့
ငွေကြေးအနည်းငယ်နှင့် အကြောင်းညီညွတ်လျင် အမြတ်များများရသော လုပ်ငန်းမှာ
မြန့်မာအောင်ဘာလေထီ ကံစမ်းခြင်းဖြစ်ပါသည်။
ထီ(၁)ဆောင်လျင် မြန်မာ့အောင်ဘာလေမှ(၂၀၀)ကျပ်ဖြစ်သော်လည်း ပြင်ပပေါက်
ဈေးမှာ(၃၀၀)ကျပ်ဖြစ်ပါသည်။
ထီဈေးနှန်းမှာ အကြောင်းကြောင်းတွေကြောင့် များသော်လည်း ထီဆုကြီးပေါက်သူများ
ရှိနေသဖြင့် ထီကံစမ်းထားပါက မည်သည့်ဆုမဆို ပေါက်နိုင်သဖြင့် မိမိပတ်ဝန်းကျင်
တွင် မိမိတတ်နိင်သလောက် ထီကံစမ်းကြခြင်း ဖြစ်ပါသည်။ထားပါတော့
ထီပေါက်ဖို့စဉ်းစားရာတွင် ပထမဦးဆုံး မြန်မာ့အောင်ဘာလေမှ ထီပေးသောစနစ်ကို
“သိ”ထားပါက မိမိတတ်နိင်သလောက်ဖြင့် ထီကံစမ်းနိင်ပါသည်။
အောင်ဘာလေမှ ယခုအခါ အက္ခရာ(၃၃)လုံးနှင့် ထိပ်စီး(၀)မှ(၉)အထိ ဂဏန်း(၆)လုံး
ထုတ်ပါသည်။ရောင်းရငွေ၏(၆၀)%ကို ဆုမဲငွေအဖြစ်ပေးပြီး၊ကျန်(၄၀)%ကို
လိုအပ်သည့်နေရာများတွင် အသုံးချရန် နိင်ငံတော်မှသိမ်းထားပါသည်။
ထီပေါက်ဖို့ ဖြစ်နိုင်ချေ နည်းစနစ်ဖြင့် စဉ်းစားရာတွင် (၆၀)%သာ ရှိပါသည်။
ထီပေါက်ဖို့ရှေ့ဂဏန်း(၂)လုံးကို စဉ်းစားခြင်း
(၂၈၆)ကြိမ်(၁.၁၁.၂၀၁၁)ထီဖွင့်ပွဲမှစပြီး ကျပ်သိန်း(၁၅၀၀)ထီဆုကြီးတွင် အက္ခရာနှင့်
ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူပါက အောင်ဘာလေမိတ်သဟာပူးတွဲဆု(၅)သောင်း
ဆုပေါက်ပါသည်။
အက္ခရာ(၃၃)လုံးရှိသဖြင့် အထူးမင်္ဂလာစုံတွဲ ထီကံစမ်းသူများအက္ခရာမှာ တူပြီး ဖြစ်
ပါသည်။
ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီးစုံ အထူးမင်္ဂလာစုံတွဲ (၉၀)တွဲ ကံစမ်းပါက
ကျပ်သိန်း(၁၅၀၀)ဆုကြီးတွင် အက္ခရာနှင့် ရှေ့ဂဏန်း(၁)လုံး ထိပ်စီးတူပြီး
ပါသည်။
ဒုတိယနေရာဂဏန်း(၀)မှ(၉)အထိ ထီကံစမ်းထားသဖြင့် ဒုတိယနေရာဂဏန်းများ
လည်းတူပြီး ဖြစ်ပါသည်။
ထီပေါက်ဖို့ ဖြစ်နိုင်ချေနည်းစနစ်နှင့်စဉ်းစားရာတွင် မဲ(၁)လိပ်ထဲမှ(၁)လိပ်နှိုက်ခြင်းနှင့် သဘောတရားခြင်း အတူတူပင်ဖြစ်ပါသည်။
အောင်ဘာလေမိတ်သဟာပူးတွဲဆု ပေါက်သော ဖြစ်နိင်ချေနည်းစနစ်ဖြင့်
ထီကံစမ်းခြင်း ဖြစ်ပါသည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်
တူလျှင်(၁)သိန်းဆု ပေါက်ပါသည်။
ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီးစုံ အထူးမင်္ဂလာစုံတွဲ (၉၀)တွဲ ကံစမ်းထားသဖြင့်
ပထမနေရာ ထိပ်စီးဂဏန်းများ တူပြီးဖြစ်ပါသည်။
ဒုတိယနေရာ ဂဏန်းများလည်း တူပြီးဖြစ်ပါသည်။
တတိယနေရာဂဏန်း(၁)လုံးသာ တူဖို့ လိုပါတော့သည်။
ကျပ်သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ထီပေါက်ဖို့ ဖြစ်နိုင်ချေနည်းစနစ်နှင့်
စဉ်းစားရာတွင် မဲ(၁၀)လိပ်ထဲမှ(၁)လိပ်ကို (၁၅)ကြိမ် နှိုက်ခြင်းနှင့် သဘောတရားခြင်း
အတူတူပင်ဖြစ်ပါသည်။
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင်ဆုမဲပေါင်း(၁၅)ဆု ဖွင့်လှစ်သဖြင့် ဖြစ်ပါသည်။
ငွေကြေးတတ်နိင်သောသူများအနေဖြင့် ကံစမ်းသင့်သော နည်းစနစ်ဖြစ်ပါသည်။
ထီကတော့ပေါက်နေပါပြီ၊(ဆုအသေးအကြီးကတော့ ကံတရားပါ။)
ထီကံစမ်းခြင်း
မိမိတတ်နိင်သော ငွေကြေးဖြင့် အကြောင်းညီညွတ်သည့်အခါတွင် ငွေကြေးတတ်နိင်သူ
များ ထီကံစမ်းပါက ထီပေါက်သည့် ပွင့်လင်းမြင်သာသော နည်းစနစ်ဖြစ်ပါသည်။
မွေးဖွားသည်မှ ယနေ့ထိ မိမိတတ်သော ပညာ ၊ငွေကြေး၊အတတ်ပညာဖြင့်
စားဝတ်နေရေး၊ကျန်းမာရေးနှင့် အခြားလိုအပ်သည်များ အသုံးပြုရန်
ဝိရိယဖြင့် ဥစ္စာ၊စီးပွားရှာသော်လည်း အကြောင်းမညီညွတ်သဖြင့် ထင်သလောက်
လိုချင်သလောက် မရဘူးသူများအတွက်၊ ငွေကြေးတတ်နိင်သော်လည်း
အကြောင်းမညီညွတ်သဖြင့် အတိတ်ကံ အကျိုးပေး ဒါနကုသိုလ်ကံအရှိန်အဟုန်
ဂုဏ်သတ္တိ၊ကို မစမ်းသပ်သဖြင့် မိမိယခုကာလ ငွေအမြောက်အများဝင်ကိန်းရှိပြီး
ထီပေါက်နိုင်သည့် အကြိမ်နှင့် တိုက်ဆိုင်နေပါက ထီကံစမ်းသင့်ကြောင်းကိုအကြံပြု
ရေးသားလိုက်ပါသည်။
ငွေများများနဲ့မြန်မြန်ရဖို့ ထီကံစမ်းစို့။
ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ -A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွက်  ၊နေပြည်တော်။
http://www.sayaphone.webs.com တွင် လေ့လာနိုင်ပါသည်။
Email:sayaphonemyint.npt@gmail.com./
TEL:095-67-414434,FAX:095-67-432224,
 MOBILE:095-9-6801883,095-9-430272866.(11.1.2013)


No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်