Saturday, March 7, 2015

ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´အကြံပြုပေးရာ ထီပေါက်ပြီ။



Sunday,March 08,2015
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´အကြံပြုပေးရာ ထီပေါက်ပြီ။

မဖြစ်သေးသည်ကို ကြိုတင် `သိ´ခြင်းသည် `ဝေဒ´နည်းပညာ ဖြစ်သည်။
မေး=ယခုကာလ ထီပေါက်ကိန်းရှိ/မရှိ ကို ကြိုတင် `သိ´နိင်ပါသလား?၊
ဖြေ= ယခုကာလ ထီပေါက်ကိန်း ရှိ/မရှိကို `ဝေဒ´နည်းပညာဖြင့်
ကြိုတင်`သိ´ရှိ နိုင်ပါသည်။
(မဖြစ်သေးသည်ကို ကြိုတင်`သိ´ခြင်းသည် `ဝေဒ´နည်းပညာဖြစ်သည်
ဆိုလျှင် ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းကိုလည်း ကြိုတင်`သိရှိ´ရမည်
မသိသေးလျှင် မိမိလေ့လာသော `ဝေဒ´နည်းပညာ လိုနေသေးလို့ဟု
သဘောထားကာ ဆက်လက်လေ့လာသင်ယူပါသည်။
ခုတော့ သင်ဆရာ မြင်ဆရာ သမားများ၏ ဂုဏ်ကျေးဇူးကြောင့်
ကြိုတင် `သိရှိ´ နိင်ပြီဖြစ်ပါသည်။)
မေး= ထီပေါက်မည့် `အက္ခရာ´ကို ကြိုတင်`သိ´နိုင်ပါသလား?၊
ဖြေ= ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´ကို `ဝေဒ´နည်းပညာနှင့်
ကြိုတင်`သိရှိ´နိင်ပါသည်။
(မဖြစ်သေးသည်ကို ကြိုတင်`သိ´ခြင်းသည် `ဝေဒ´နည်းပညာဖြစ်သည်
ဆိုလျှင် ထီပေါက်မည့် `အက္ခရာ´ကို ကြိုတင်`သိရှိ´ရမည်
ဖြစ်ပါသည်။
`မသိ´သေးလျှင် မိမိလေ့လာသော `ဝေဒ´နည်းပညာ လိုနေသေးလို့ဟု
သဘောထားကာ ဆက်လက်လေ့လာသင်ယူပါသည်။
ယခုအခါတွင် သင်ဆရာ မြင်ဆရာ သမားများ၏ ဂုဏ်ကျေးဇူးကြောင့်
ကြိုတင် `သိရှိ´နိုင် ပြီဖြစ်ပါသည်။)
ထီပေါက်အောင် ဘယ်လိုကံစမ်းမလဲ?၊
ယခုကာလ ထီပေါက်ကိန်းလည်း `ဝေဒ´နည်းပညာဖြင့် ကြိုတင်`သိရှိ´နေပြီ၊
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´လည်း `ဝေဒ´နည်းပညာဖြင့်
ကြိုတင် `သိရှိ´နေပြီ။
သိတော့ သိနေပါပြီ
ထီပေါက်ဖို့ကလိုနေသေးတယ်၊
ထီပေါက်ဖို့ဆိုလျှင် လက်တွေ့ထီကံစမ်းသပ်ပါ။
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´ကို ကြိုတင်`သိရှိ´နေပြီဖြစ်သဖြင့်
အက္ခရာ´တူလျှင် ထီပေါက်သည့်နည်းစနစ်ဖြစ်သည့်
ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို
ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
ဇာတာရှင်အား ထီအကြံပြုပေးရာ အကျိုးပေးချိန်တန်သဖြင့်
ထီပေါက်ခြင်း ဖြစ်ပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက `ဝေဒ´နည်းပညာ ဥပဒသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
(၃၁၄) ကြိမ် (၁.၃.၂၀၁၅) ရက်နေ့ ထီဖွင့်ပွဲတွင်
ယ ၄၂၅၁၈၀ ဖြင့် ကျပ်(၅) သောင်းဆု ထီပေါက်ပါသည်။
ထီကံစမ်းလိုသူအား အကြံပြုပေးရာတွင် အောက်ပါအတိုင်း
အကြံပြုပေးခဲ့ပါသည်။
၁။ ယခုကာ ထီပေါက်ကိန်းကို အကြံပြုပေးခြင်း
၂။ ထီကံစမ်းသပ်သည့် နည်းစနစ်ကို အကြံပြုပေးခြင်း
၃။ ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊ကိုအကြံပြုပေးခြင်း
၎။ ထီကံစမ်းသည့် ဒသာအား လေ့လာအကြံပြုပေးခြင်း
၁။ ယခုကာလ ထီပေါက်ကိန်းကို အကြံပြုပေးခြင်း
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း
ယခုကာလ ထီပေါက်ကိန်းကို အကြံပြုပေးခဲ့ပါသည်။
ဇာတာရှင်သည် မေထုန်ရာသီလဂ် ပိုင်ရှင်ဖြစ်နေပါသဖြင့်
(၁၈.၆.၂၀၁၄)မှ(၁၈.၇.၂၀၁၅)ကာလအတွင်း ထီပေါက်ကိန်း ရှိနေသူဖြစ်ပါသည်။
ထီပေါက်ကိန်း ရှိနေသည့်ကာလအတွင်း ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
၂။ ထီကံစမ်းသပ်သည့် နည်းစနစ်ကို အကြံပြုပေးခြင်း
`ဝေဒ´နည်းပညာနှင့်ပေါင်းစပ်ပြီး ထီကံစမ်းသပ်သည့် နည်းစနစ်(၉)မျိုး
ရှိသည့်အနက်မှ
`အက္ခရာ´တူလျှင် ထီပေါက်သည့်နည်းစနစ်ဖြစ်သည့်
နည်းစနစ်(၄)ကို အကြံပြုပေးခဲ့ပါသည်။
ရှေ့ဂဏန်း(၂) လုံးအကွက်(၉၀)စောင် ၊တန်ဘိုး=၂၇၀၀၀ိ/-
`အက္ခရာ´တူလျှင် ထီပေါက်သည့်နည်းစနစ်ဖြစ်သော ရှေ့ဂဏန်း(၂)လုံး
အကွတ်(၉၀)စောင်ကို ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
၃။ ထီပေါက်မည့် ကိုယ်ပိုင် `စမ-အက္ခရာ´၊ကိုအကြံပြုပေးခြင်း
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊(၄)လုံး ရှိသည့်အနက်မှ
၁၃၄၆ ခုနှစ် တွင် မွေးဖွားသူဖြစ်သဖြင့်
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´(ယ)၊
အက္ခရာ ကို ထီကံစမ်းသပ်ဖို့အကြံပြုပေးခဲ့ပါသည်။
ထီပေါက်မည့်(ယ)အက္ခရာဖြင့် ထီကံစမ်းသပ်ဖို့ အကြံပြုအပ်ပါသည်။
၎။ ထီပေါက်သည့် ဒသာအားလေ့လာခြင်း
ကြာသပတေးထူလ၊(၂၀.၁၀.၂၀၀၄)မှ(၂၀.၁၀.၂၀၂၀)အထိ၊
သောကြာ အန္တရ၊(၂.၉.၂၀၁၂)မှ(၂.၅.၂၀၁၅)အထိ၊
ဗုဒ္ဓဟူး ပြတျန္တရ၊ (၂၀.၁၀.၂၀၁၄)မှ(၆.၃.၂၀၁၅)အထိ၊
ဒသာတွင် ကျရောက်နေမည်ဖြစ်ပါသည်။
ဇာတာရှင်သည်
ကြာသပတေးထူလ၊သောကြာအန္တရ၊ဗုဒ္ဓဟူးပြတျန္တရဒသာတွင်
ထီပေါက်ခြင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက `ဝေဒ´နည်းပညာ ဥပဒေသများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဆုမကြီးပေမဲ့ ၀မ်းသာမိပါသည်။
`ဝေဒ´နည်းပညာ၏ မှန်ကန်မူကိုပါ။
မဖြစ်သေးသည်ကို ကြိုတင် `သိ´ခြင်သည် `ဝေဒ´နည်းပညာ ဖြစ်သည်။
၁။ ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၂။ ထီပေါက်ကိန်း ရှိနေခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၃။ မိမိတတ်နိင်သည့် နည်းစနစ်ကို ရွေးချယ်ထီကံစမ်းထားခြင်းမှာလည်း
ထီပေါက်ဖို့ အကြောင်းတရား(၁) ခုဖြစ်ပါသည်။
၎။ မိမိထီပေါက်မည့် ကိုယ်ပိုင် `စမ-အက္ခရာ´ကို ကြိုတင်`သိရှိ´ပြီး၊
ရရှိအောင် ထီကံစမ်းသပ်ထားခြင်းမှာလည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခု
ဖြစ်ပါသည်။
၅။ ထီဖွင့်ပွဲကျင်းပသည့် အချိန် ဒသာ ကောင်းနေခြင်းမှာလည်း ထီပေါက်ဖို့
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
အကြောင်းတရားများ ပေါင်းစုံသွားသော အခါ ဇာတာရှင်ထီပေါက်ခြင်းက
ဝေဒနည်းပညာ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
လေးစားလျက်ပါ။
Ph:09-6801883.09-420727866.

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်