Thursday, August 15, 2013

ထီပေါက်ချင်သူများနှင့်ကျွန်တော်


ထီပေါက်ချင်သူများနှင့်ကျွန်တော်
ကျွန်တော်သည် ဗေဒင်ကို ၀ါသနာပါသူတစ်ဦးဖြစ်ပါသည်။
ထိုပြင် အင်ဂျင်နီယာတစ်ဦးလည်းဖြစ်ပါသည်။
၁၉၉၅ ခုနှစ် ပြည်မြို့တွင်လည်းကောင်း၊၁၉၉၉ ခုနှစ် တောင်ငူမြို့တွင်လည်းကောင်း၊၂၀၀၀ခုနှစ်
ရန်ကုန်မြို့တွင်လည်းကောင်း ၂၀၁၁ခုနှစ်တွင် နေပြည်တော်တွင်လည်းကောင်း ယခုထိ
အကြောင်းညီညွတ်သည့်အခါများတွင် ဗေဒင်ဟောခန်းဖွင့်ပြီး ထီပေါက်ချင်သူများအား ထီအကြံပြုပေး
ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိပါသည်။
ထီစိတ်ဝင်စားသူများ ထီပေါက်ချင်သူများ မိမိကံဇာတာကို စမ်းသပ်လိုသူများ စသည်ဖြင့်အမျိုးမျိုး
ရောက်ရှိလာပါသည်။
ထီပေါက်ဖူးသူများကို ၁၉၉၅ ခုနှစ်မှယနေ့ထိ တွေ့ဆုံဆွေးနွေးရာတွင် လည်းကောင်းတို့အားလုံးသည်
ငွေအမြောက်အများဝင်ကိန်းရှိသည့်ကာလအတွင်း ထီပေါက်သူများသာ ဖြစ်နေကြောင်းကို လေ့လာ
တွေ့ရှိရပါသည်။
ထီပေါက်ချင်သူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ထီကံစမ်းလိုသူများအနေဖြင့်
မြန်မာ့အောင်ဘာလေထီဆုပေးသည့်စနစ်ကို သိရှိဖို့ ပထမဦးစွာ လိုအပ်ပါသည်။
မြန်မာ့အောင်ဘာလေထီ(၁)စောင်လျှင်၂၀၀ိ/-ဖြင့် ရောင်းချပါသည်
 ရောင်းရငွေ၏(၆၀)%ကို
ဆုအဖြစ်ပြန်လည်ပေးခြင်း ဖြစ်ပါသည်။
ထီ(၁)စောင်လျှင် ၂၀၀ိ/-ဖြစ်သော်လည်း အမှန်တကယ် ထီကံစမ်းသောအခါ (ဒေသကာလပေါက်ဈေး) ၃၀၀ိ/-ဖြင့် ထီကံစမ်းရခြင်းဖြစ်ပါသည်။
မတည်ရင်းနှီးငွေဖြင့်တွက်လျှင် (၄၀)% ကိုဆုအဖြစ်ပေးခြင်း ဖြစ်ပါသည်။
အောင်ဘာလေမှ ထီအားလုံးကို ထီကံစမ်းလျှင် မတည်ရင်းနှီးငွေ၏(၄၀)% ထီပေါက်မည် ဖြစ်ပါသည်
မြန်မာ့အောင်ဘာလေမှ ထွက်သော ထီအားလုံးကို ထီကံမစမ်းနိုင်သဖြင့် ဘယ်လောက်တန်ဘိုး
ထီကံစမ်းလျှင် (%)ဘယ်လောက်ပြန်ရမလဲ စသည်ကို ဖြစ်နိင်ချေနည်းစနစ်ဖြင့် တင်ပြအပ်ပါသည်။
မြန်မာ့အောင်ဘာလေမှ ယခုအခါ ထီပေးသောစနစ်မှာ ကျပ်သိန်း(၁၅၀၀)ဆုတွင် အက္ခရာနှင့်ရှေ့ဂဏန်း(၂)လုံး အစဉ်လိုက်တူပါက
 အောင်ဘာလေမိတ်သဟာဆုအဖြစ်(၅)သောင်းဆု ချီးမြှင့်ပါသည်။
ထီပေါက်ဖို့ အလွယ်ကူဆုံးဆု ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းလျှင် အောင်ဘာလေမှထုတ်သော အက္ခရာ အာလုံးပါသဖြင့်
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းကြခြင်းဖြစ်ပါသည်။
ထီပေါက်ခြင်းမှာ အက္ခရာ တူဖို့လိုသဖြင့် အထူးမင်္ဂလာစုံတွဲ ထီကံစမ်းကြခြင်းဖြစ်ပါသည်။
ထီအထူးမင်္ဂလာစုံတွဲ(၁)တွဲ=၈၅၀၀ိ/
ထီအထူးမင်္ဂလာစုံတွဲ(၉၀)တွဲ=(၇)သိန်း(၆)သောင်း(၅)ထောင်
အနည်းဆုံးပေါက်မည့်ဆု (အောင်ဘာလေမိတ်သဟာဆု)-(၅)သောင်းဆု
မတည်ရင်းနှီးငွေ၏ အနည်းဆုံး(၆.၅)%ပေါက်သော နည်းစနစ်ဖြစ်ပါသည်။
မတည်ရင်းနှီးငွေ၏ (၆.၅)% ပေါက်သော စနစ်ဖြစ်သဖြင့် ထီကံစမ်းသူများအနေဖြင့် ထီပေါက်သော်လည်း မတည်ရင်းနှီးငွေ ပြန်ရသည်မှာ နည်းနေသဖြင့် လည်းကောင်းထက်ပိုကောင်းသောစနစ်ရှိလျှင်အကြံပြုပေးပါရန်
 တောင်းဆိုလာပါသည်။
ထိုကြောင့်
မတည်ရင်းနှီးငွေ၏ အနည်းဆုံး(၂၄.၈၃)% ပေါက်သည့်နည်းစနစ် ကို အကြံပြုရေးသားအပ်ပါသည်။
ရှေ့ဂဏန်း(၃)လုံး အထူးမင်္ဂလာစုံတွဲ(၉၀၀)တွဲ ထီကံစမ်းခြင်းဖြစ်ပါသည်။
ထီအထူးမင်္ဂလာစုံတွဲ(၁)တွဲ=၈၅၀၀ိ/
ထီအထူးမင်္ဂလာစုံတွဲ(၉၀၀)တွဲ=(၇၆)သိန်း(၅)သောင်း
အနည်းဆုံးပေါက်မည့်ဆု-(၅)သောင်းဆု(၁၀)ဆု=(၅)သိန်း
ကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)တွင် အက္ခရာနှင့်ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်တူပါက
(၁)သိန်းဆုပေါက်ပါသည်။
ကျပ်သိန်း(၁၀၀)ဆုကြီး(မင်္ဂလာစုံတွဲစနစ်)မှ
အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံးတူ(၁၄)ဆု=(၁၄)သိန်း
(အနည်းဆုံး)စုစုပေါင်း(၁၉)သိန်း ပေါက်မည်ဖြစ်ပါသည်။
မတည်ရင်းနှီးငွေ၏ အနည်းဆုံး(၂၄.၈၃)% ပေါက်သည့်နည်းစနစ်ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီအားလုံးကို ကံစမ်းလျှင် မတည်ရင်းနှီးငွေ၏(၄၀)%ကိုသာ ရရှိမည်ဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီပေးသောစနစ်မှ(၅၀)%ကျော် ထီပေါက်အောင် ကံစမ်းသော နည်းစနစ်ဖြစ်ပါသည်။
မိမိကံစမ်းလိုသော ရှေ့ဂဏန်း(၃)လုံး အကွက်(၉၀၀)၊ရရှိဖို့တော့လိုပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ထီကံစမ်းမည်ဆိုပါက
ဝေဒနည်းပညာဖြင့်ဆိုလျှင်
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် လည်းကောင်းတို့အားလုံးသည် ငွေအမြောက်အများဝင်ကိန်းရှိသူများသာ ဖြစ်နေပါသည်။)
(၁) ယခုကာလငွေအမြောက်အများဝင်ကိန်းရှိသူ ဖြစ်နေရပါမည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် လည်းကောင်းတို့အားလုံးသည် ငွေအမြောက်အများဝင်ကိန်းရှိသူများသာ ဖြစ်နေပါသဖြင့် ထီပေါက်ကိန်းရှိသူများသာ ဖြစ်ပါသည်။)
(၂) ယခုကာလ ထီပေါက်ကိန်းရှိသူ ဖြစ်ရမည်။
ထီပေါက်ဖူးသူများနှင့်တွေ့ဆုံဆွေးနွေးရာတွင် ထီပေါက်သူ၏ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
ရပ်တည်သော ရာသီရှိ နက္ခတ်စိုးမိုးဂဏန်းများနှင့် 
ထီဖွင့်၏ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
ရပ်တည်သော ရာသီရှိ နက္ခတ်စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်နေကြကြောင်းကို လေ့လာတွေ့ရှိရသဖြင့် ဖြစ်ပါသည်။
(၃) ထီပေါက်နိင်သည့်အကြိမ်နှင့်လည်း တိုက်ဆိုင်ရပါမည်။
ထီဆုကြီးပေါက်သူများ၏ ဇာတာများကို လေ့လာသောအခါ 
ထီပေါက်သူဇာတာ လဂ်မှ 
ထီဖွင့်ပွဲဇာတာ စန်း(တနင်္လာဂြိုလ်)သည် (၃)တန့်၊(၆)တန့်၊(၈)တန့်၊
(၁၂)တန့်တို့တွင် မရှိကြောင်းကိုလေ့လာတွေ့ရှိရသဖြင့် ဖြစ်ပါသည်။
(၄)  မိမိဇာတာလဂ်မှ ထီဖွင့်ပွဲဇာတာ (မိမိထီကံစမ်းသောအကြိမ်)
စန်း(တနင်္လာဂြိုလ်)သည်(၃)တန့်၊(၆)တန့်၊(၈)တန့်၊(၁၂)တန့်
တွင် မရှိသူ ဖြစ်ရမည်။
(ထီကံစမ်းလိုသူများ အတွက် အသိပေး အကြံပြုအပ်ပါသည်။)
ဆရာ ဘုန်းမြင့် ဝေဒသုတေသီ -A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွတ်၊နေပြည်တော်။
http://www.sayaphone.webs.com တွင် လေ့လာနိုင်ပါသည်။
http://sayaphone-astrojer.blogspot.com/ တွင်လည်းလေ့လာနိင်ပါသည်။
Email:sayaphonemyint.npt@gmail.com./
p:09-6801883,09-420727866,FAX:067-432224.(၁၅.၈.၂၀၁၃)

No comments:

Post a Comment

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်