Sunday,October
12,2014
ထီအကြံပြုပေးခြင်း
ကျွန်တော်သည်
`ဝေဒ´နည်းပညာ ကို ၀ါသနာပါသူ တစ်ဦးဖြစ်ပါသည်။
ထီပေါက်ခြင်းကို
မိမိလေ့လာသင်ယူဆည်းပူးထားသော `ဝေဒ´နည်းပညာ ဥပဒေသများ ကိုက်ညီမူနှင့် မှန်ကန်မူ တို့ကို
ဆန်းစစ်နိုင်ရန်အတွက် သုတေသနပြုလုပ် လေ့လာခြင်း
ဖြစ်ပါသည်။
သုတေသန ဆန်းစစ် နည်းစနစ်များကို အသုံးပြုသည့် `ဝေဒ´နည်းပညာ ဥပဒေသများ
သည် ထီပေါက်ဖူးသူ ဇာတာပေါင်းများစွာတို့အား သုတေသန တွေ့ရှိချက်များမှ
ဖေါ်ထုတ်ထားခြင်း ဖြစ်ပါသည်။
မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားထီပေါက်ချင်သူများကိုသော်လည်းကောင်း၊
အကျိုးပေးချိန်တန်သည့် ဇာတာရှင်များကို ထီပေါက်အောင် အကြံပြုပေးနိုင်ရမည်ဟု
ယုံကြည်ပါသည်။
ထီပေါက်အောင် အကြံပြုမပေးနိုင်သေးပါက မိမိလေ့လာသော `ဝေဒ´နည်းပညာ
လိုနေသေးလို့ဟု သဘောထားကာ ဆက်လက်လေ့လာ သင်ယူ သုတေသနပြုလုပ်
လေ့လာလျှက် ရှိပါသည်။
မည်သည့်
ဖြစ်ရပ် - ကောင်းသည့် ဖြစ်ရပ် ဖြစ်စေ၊ ဆိုးသည့် ဖြစ်စေ- ထင်ရှားသော ဖြစ်ရပ်များ ဖြစ်ပေါ်ရခြင်း
အားလုံးသည် မူလ ဇာတာတွင် မပါရှိပဲ မည်သည့် အကြောင်းနှင့်မျှ ဖြစ်လာစရာ အကြောင်း မရှိပါ။
အဘယ့်ကြောင့် ဆိုသော်- ဇာတာရှင်၏ အတိတ်ဘ၀ ကုသိုလ်ကံ၊ အကုသိုလ်ကံ အကြောင်းတရား ကြောင့်-
ကောင်းကင်ရှိ ဂြိုဟ်တာရာ ဖွဲ့စည်း တည်ဆောက်မှုတို့ က - ဇာတာရှင်၏ မွေးဖွားချိန်တွင်
လွှမ်းမိုး ထားပြီးနောက်- မည်သည့် ဖြစ်ရပ်များ ဖြစ်လာနိုင်စရာ ရှိသည်ကို မူလ ဇာတာတွင်
သတ်မှတ် ပုံဖေါ် ပေးလိုက်သောကြောင့် ဖြစ်ပါ၏။
ထီနှင့်ပတ်သက်သော အကြောင်းတရားများကိုသာ အကြံပြုပေးပါသည်။
ထီပေါက်ဖူးသူများ၏
မူလဇာတာကို လေ့လာရာတွင် `ဝေဒ´နည်းပညာ
ဥပဒေသများနှင့်အညီ
တွေ့ရှိချက်များကို အကြံပြုပေးခြင်း ဖြစ်ပါသည်။
ထီပေါက်ကိန်းကို အကြံပြုပေးခြင်း
`ဝေဒ´နည်းပညာ ဥပဒေသများ(၁)တွင်
ကောင်းကင်
ကောဇာ ဓနဂြိုလ် ကြာသပတေးဂြိုလ်သည် လဂ်၏(၂)တန့် လဘ်လာဘ
အိမ်သို့
ရောက်ရှိလျှင် လည်းကောင်းကာလအတွင်း ငွေအမြောက်အများဝင်ကိန်းရှိ
နေပါသည်။
ငွေအမြောက်အများဝင်ကိန်းကိုနွယ်ပြီး ထီပေါက်ကိန်းရှိသည်ဟု ဟောပြောခြင်းသာ
ပါသည်။
ကြာသပတေးဂြိုလ်သည်
(၅)တန့်(၇)တန့်(၉)တန့်ကို မြင်သဖြင့်လည်းကောင်း
စနေဂြိုလ်သည်
(၃)တန့်၊(၇)တန့်၊(၁၀)တန့်တို့ကို မြင်သဖြင့် လည်းကောင်း၊
(၂)တန့်နှင့်(၁၁)တန့်တို့သည်
လဘ်လာဘ အိမ်များဖြစ်နေသဖြင့်လည်းကောင်း
ငွေအမြောက်အများဝင်ကိန်း
ရှိနေကြောင်းကို လေ့လာ`သိရှိ´ရပါသည်။
ငွေအမြောက်အများဝင်ကိန်း ရှိနေသူများသည် ထီပေါက်ကိန်း ရှိနေသူများဖြစ်ပါသည်။
`ဝေဒ´နည်းပညာ ဥပဒေသများ(၁)တွင် ထီပေါက်ကိန်းရှိနေသူများ အကြောင်းကို
ပိုင်းခြား `သိရှိ´နိုင်ရန်အတွက် လေ့လာ`သိရှိ´ရသဖြင့် အကြံပြုပေးခြင်း ဖြစ်ပါသည်။
ထီကံစမ်းချင်သူကိုယ်တိုင် မိမိဇာတာကို ကြည့်၍ ယခုကာလ ထီပေါက်ကိန်း ရှိ/မရှိကို
ကိုယ်တိုင် `သိရှိ ´သုံးသပ်နိုင်ရန် အတွက် ပညာဒါန ဝေမျှပါသည်။
ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´များကို အကြံပြုပေးခြင်း
`ဝေဒ´နည်းပညာဥပဒေသများ(၂)တွင်-
မွေးဖွားသည့် ခုနှစ်သက္ကရာဇ်ကို စိုးမိုးသည့် ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊
မွေးလကို စိုးမိုးသည့် ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊
မွေးရက်ကို စိုးမိုးသည့် ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊
မွေးနေ့ကို နာရီအပိုင်းအခြားဖြင့် စိုးမိုးသည့် ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´၊
ဟူ၍ `ဝေဒ´နည်းပညာ ဥပဒေသများ(၂) တွင် ထီပေါက်မည့် ကိုယ်ပိုင်`စမ-အက္ခရာ´
များအကြောင်းကို ပိုင်းခြား`သိရှိ´နိုင်ရန်အတွက် လေ့လာ`သိရှိ´ရပါသဖြင့်
အကြံ့ပု
ပေးခြင်း ဖြစ်ပါသည်။
ထီပေါက်မည့် ပထမနေရာ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများကို အကြံပြုပေးခြင်း
`ဝေဒ´နည်းပညာ ဥပဒေသများ(၃)တွင်
ဇာတာစန်း၊လဂ်၏(၅)တန့် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများသည် ဇာတာရှင်အတွက်
ပထနေရာ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများ ဖြစ်နေကြောင်းကို
`ဝေဒ´နည်းပညာ ဥပဒေသများ(၃)တွင် ထီပေါက်မည့် ပထမနေရာ ရာသီပိုင်
နက္ခတ် စိုးမိုးဂဏန်းများ အကြောင်းကို ပိုင်းခြား`သိရှိ´နိုင်ရန်အတွက်
လေ့လာ`သိရှိ´ရပါသဖြင့် အကြံပြုပေးခြင်း ဖြစ်ပါသည်။
ဇာတာစန်း၊လဂ်မှ(၅)တန့်သည်
ဇာတာရှင်အတွက် လောင်းကစားတွင် အနိင်ရရှိခြင်း
ထီပေါက်ခြင်းတို့ကို
ထောက်ပံ့ပေးထားသဖြင့် ဖြစ်ပါသည်။
ထီပေါက်မည့် တတိယနေရာ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများကို အကြံပြုပေးခြင်း
`ဝေဒ´နည်းပညာ ဥပဒေသများ(၄)တွင်
ဇာတာစန်း၊လဂ်၏(၉)တန့် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများသည် ဇာတာရှင်အတွက်
တတိယ နေရာ ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများ ဖြစ်နေကြောင်းကို
`ဝေဒ´နည်းပညာ ဥပဒေသများ(၄)တွင် ထီပေါက်မည့် တတိယနေရာ ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများ အကြောင်းကို ပိုင်းခြား `သိရှိ´နိုင်ရန်အတွက်
လေ့လာ`သိရှိ´ရပါသဖြင့် အကြံပြုပေးခြင်း ဖြစ်ပါသည်။
ဇာတာစန်း၊လဂ်မှ(၉)တန့်သည်
ဇာတာရှင်အတွက် ကံကောင်းခြင်း၊သက်တောင့်
သက်သာရရှိခြင်း
တို့ကို ထောက်ပံ့ပေးသဖြင့် ဖြစ်ပါသည်။
ဇာတာစန်း၊လဂ်မှ(၁၁)တန့်သည်
ဇာတာရှင်အတွက် လဘ်လာဘရရှိခြင်း
ကို
ထောက်ပံ့ပေးသဖြင့် ဖြစ်ပါသည်။
`ဝေဒ´နည်းပညာ ဥပဒေသများ(၄)တွင် ထီပေါက်မည့် တတိယနေရာ ရာသီပိုင်
နက္ခတ်စိုးမိုးဂဏန်းများ အကြောင်းကို ပိုင်းခြား`သိရှိ´နိုင်ရန်အတွက်
လေ့လာ`သိရှိ´ရပါသဖြင့် အကြံပြုပေးခြင်း ဖြစ်ပါသည်။
နက္ခတ် ပညာသည် အသေးစိတ်၏၊နက်နဲ၏။ တွက်ချက်ရ၏၊ထိုးထွင်းသိမြင်ရ၏၊
တစ်ခုကောင်း၊တစ်ချက်ကောင်းမျှဖြင့် မည်သည့်အချက်မျှ မဖြစ်တတ်၊အခြေအနေ
အကြောင်းတရားများ ပေါင်းစုံမှသာ ဖြစ်ရပ်ကြီးတစ်ခု ဖြစ်ပေါ်လာခြင်းကို
သိမြင်ကြရမည် ဖြစ်ပါသည်။
အကြောင်းတရားများကို ပြုလုပ်သော်လည်း အကျိုးတရားများ မခံစားရပါက အကြောင်းတရားများ
မပြည့်စုံ၍ ဖြစ်ကြောင်းကို ကိုယ်တိုင်`သိရှိ´နားလည်နိုင်ရမည်။
အားနည်းချက်များရှိပါက ကျွန်တော်၏ `ဝေဒ´နည်းပညာ လေ့လာမူ အားနည်းချက်
ကြောင့်သာ ဖြစ်ပါကြောင်း ၀န်ခံရေးသားလိုက်ပါသည်။
သင်ဆရာမြင်ဆရာ အားလုံး၏တပည့်
ဆရာဘုန်းမြင့်(ပြည်မြို့)
ဝေဒသုတေသီ-A.G.T.I-(Civil)
Ph:09-6801883
At 21:15
Labels:ထီအကြံပြုပေးခြင်း