Thursday, January 5, 2017

ကျပ်သိန်း ၅၀၀ ထီပေါက်သူက ဘယ်စနစ်နဲ့ ထီကံစမ်းသပ်တာလဲ?



ထီပေါက်သူနှင့်ဆွေးနွေးခြင်း

(၄.၁.၂၀၁၇)ရက်နေ့ အကြောင်းညီညွတ်သဖြင့် ထီပေါက်သူနှင့် ဟောခန်းတွင်ဆွေးနွေးဖြစ်ပါသည်။
ထီဒုတိယနေရာဂဏန်း(၀)မှ(၉)ထိ၊ဂဏန်း(၁၀)လုံးရှိသည့်အနက်
မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ ထီပေါက်မည့်
ဒုတိယနေရာဂဏန်း(၁)လုံးကို အကြံပြုပေးရာ အထူးမင်္ဂလာစုံတွဲ ထိပ်စီးစုံ(၉)တွဲကို မိမိထီပေါက်
မည့် ဒုတိယနေရာဂဏန်း(၁)လုံးဖြင့် ထီကံစမ်းသပ်ရာ ယူထားသည်များတူလို့ ထီပေါက်သည့်အပြင်
ကံစမ်းထားသည်များပါ တူသဖြင့် ထီပေါက်ကိန်းရှိသည့် ကာလအတွင်း အကျိုးပေးသောအကြိမ်တွင်
ကံအကျိုးပေးသော ထီဆုပေါက်သူလည်းဖြစ်ပါသည်။
ထီအက္ခရာ(က)မှ(ကဈ)ထိ၊ထီအက္ခရာ(၄၂)လုံး ရှိသည့်အနက် မူလဇာတာတွင် သတ်မှတ်ပုံဖေါ်
ပေးလိုက်သည့်အတိုင်း ထီပေါက်မည့် ကိုယ်ပိုင် စမ-အက္ခရာ(၄)လုံးကို အကြံပြုပေးခဲ့ပါသည်။
မိမိထီပေါက်မည့် အက္ခရာ(၄)လုံးဖြင့် ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို ထီကံစမ်းသပ်ရာ
ထီပေါက်ကိန်းရှိသည့် ကာလအတွင်း အကျိုးပေးသောအကြိမ်တွင် ကံအကျိုးပေးသော ထီဆုပေါက်
သူလည်းဖြစ်ပါသည်။
ထီပေါက်သူမှဆွေးနွေးလာသည်မှာ ထီအကြံပြုပေးရာ ကျပ်သိန်း(၅၀၀)ထီပေါက်ကြောင်းကို
သိရသဖြင့် မည်သည့်စနစ်ဖြင့် ထီကံစမ်းသပ်တာလဲ ဆိုသည်ကို ဆွေးနွေးလာခြင်းဖြစ်ပါသည်။
ထို့ကြောင့် ကျပ်သိန်း(၅၀၀)ပေါက်သူ ထီကံစမ်းသပ်သည့်နည်းစနစ်ကို နားလည်သည်အထိ
ရှင်းပြလိုက်ပါသည်။
မြန်မာ့အောင်ဘာလေထီတွင် အက္ခရာနှင့် နေရာအလိုက် ဂဏန်း(၆)လုံးရှိသည့်အနက် ဘယ်နေရာ
ကဘာတွေကို ဘယ်စနစ်နဲ့ ယူထားပြီး၊ဘာတွေကို ကံတိုက် ထီကံစမ်းသပ်မှာလဲ မိမိစိတ်ကြိုက်
ထီကံစမ်းသပ်နိင်ကြောင်းကိုလည်း ဆွေးနွေးဖြစ်ပါသည်။
ကျပ်သိန်း(၅၀၀)ထီပေါက်သူကိုလည်း ထီပေါက်မည့် ကိုယ်ပိုင် စမ-အက္ခရာ(၄)လုံးကို အကြံပြုပေး
ရာ အက္ခရာ တူရုံနှင့် ထီပေါက်သည့်နည်းစနစ်ဖြစ်သော ရှေ့ဂဏန်း(၂)လုံး အကွက်(၉၀)စောင်ကို
ထီကံစမ်းသပ်ရာ ထီပေါက်သူလည်းဖြစ်ပါသည်။
ထီပေါက်သည့် အက္ခရာ(၄)လုံးရှိသည့်အနက် မည်သည့် ထီအက္ခရာ(၁)လုံးသည် မိမိကို အကျိုး
ပေးကြောင်း ကိုယ်တိုင်သိရှိ ရွေးချယ်ထားသူလည်း ဖြစ်ပါသည်။
နေရာအလိုက် နောက်ဂဏန်း(၆)လုံးကို စဉ်းစားခြင်း
မြန်မာ့အောင်ဘာလေထီတွင် နေရာအလိုက် ဂဏန်း(၆)လုံးရှိပါသည်။ရှေ့ဂဏန်း(၃)လုံးကို စဉ်းစား
ရာတွင် အကွက်(၉၀၀)ရှိသည့်အနက် မိမိထီပေါက်မည့် အက္ခရာဖြင့် ရှေ့ဂဏန်း(၃)လုံး အကွက်
(၄၅၀)စောင် ထီကံစမ်းသပ်ခြင်း ဖြစ်ကြောင်း ဆွေးနွေးဖြစ်ပါသည်။
ထီအက္ခရာကို မိမိထီပေါက်သည့် အက္ခရာကို ယူထားခြင်း ဖြစ်ပါသည်။
ရှေ့ဂဏန်း(၃)လုံး အကွက်(၉၀၀)ရှိသည့်အနက် ရှေ့ဂဏန်း(၃)လုံး အကွက်(၄၅၀)စောင်ကို
ယူထားခြင်းဖြစ်ပါသည်။
နောက်ဂဏန်း(၃)လုံးကို ကံတိုက်ထီကံစမ်းခြင်း ဖြစ်ပါသည်။
အကျိုးပေးသောအကြိမ်တွင် ကံအကျိုးပေးထီဆု ကျပ်သိန်း(၅၀၀)ပေါက်သူကိုလည်း အထူးကျေးဇူး
တင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
နည်းစနစ်များကို သိလိုသဖြင့် ဆွေးနွေးလာသူကိုလည်း ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်
ပါသည်။
မိမိစိတ်ကြိုက်နည်းစနစ်များဖြင့် မိမိပတ်ဝန်းကျင်တွင် ထီကံစမ်းသပ်နိင်ရန် ထီစိတ်ဝင်စားသူများ
အတွက် မျှဝေလိုက်ပါသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ ၅ ရက်.

No comments:

Post a Comment