Wednesday, January 4, 2017

ဝေဒနည်းပညာဥပဒေသများဖြင့် ထီပေါက်ခြင်းကို ကောက်ချက်ချခြင်း(၁)



ဝေဒနည်းပညာဥပဒေသများဖြင့် ထီပေါက်ခြင်းကို ကောက်ချက်ချခြင်း(၁)

မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။သင်ဆရာ၊မြင်ဆရာ
သမားတို့၏ ဂုဏ်ကျေးဇူးကြောင့်လည်းကောင်း၊၁၉၉၅ ခုနှစ်မှယနေ့ထိ၊ထီအကြံပြုပေးခြင်း
အတွေ့အကြုံများအရလည်းကောင်း၊ထီပေါက်ဖူးသူများ၏ မူလဇာတာများကို သုတေသန
ပြုလုပ်လေ့လာတွေ့ရှိအရလည်းကောင်း ဝေဒနည်းပညာ ဥပဒေသများဖြင့် ထီပေါက်ခြင်းကို
ပိုင်းခြား သိရှိပြီးဖြစ်ပါသည်။
၁။ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၂။မူလဇာတာအရ ဝေဒနည်းပညာ ဥပဒေသများဖြင့် ယခုကာလ ထီပေါက်ကိန်းရှိနေကြောင်းကို
ကြိုတင်သိရှိထားခြင်းမှာလည်း ထီပေါက်ဖို့အကြောင်းတရား(၁)ခုဖြစ်ပါသည်။
၃။မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ပထမနေရာဂဏန်းကို ဝေဒနည်းပညာ ဥပဒေသများဖြင့် ကြိုတင် သိရှိပြီး
ရရှိအောင် ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။

၎။မူလဇာတာတွင် သတ်မှတ်ပုံဖေါ်ပေးလိုက်သည့်အတိုင်း မူလဇာတာနောက်ကွယ်ရှိ
ထီပေါက်မည့် ဒုတိယနေရာဂဏန်းကို ဝေဒနည်းပညာ ဥပဒေသများဖြင့် ကြိုတင် သိရှိပြီး
ရရှိအောင် ထီကံစမ်းသပ်ထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်ပါသည်။
ထီအကြံပြုပေးရာ ကိုယ်ပိုင်ဥာဏ်ဖြင့် သိပြီးမှတ်ယူလိုက်နာသူ ထီပေါက်ပြီ၊ထီပေါက်သူ
ဇာတာရှင်နည်းတူ ၀မ်းသာပီတိဖြစ်ကာ မှတ်တမ်းတင်လိုက်ပါသည်။

ဇာတာရှင်ထီပေါက်ခြင်းက ဝေဒနည်းပညာ ဥပဒေသများမှန်ကန်ခြင်ကို သက်သေပြလျှက်
ရှိပါသည်။
၂၀၁၇ ခုနှစ် ဇန်န၀ါရီလ(၄)ရက်.

No comments:

Post a Comment