Wednesday, August 7, 2013

(၁၀)သိန်းဆုပေါက်သူ၏ ဇာတာကိုလေ့လာခြင်း




(၁၀)သိန်းဆုပေါက်သူ၏ ဇာတာကိုလေ့လာခြင်း

(၅.၈.၂၀၁၃)ရက်နေ့တွင် အကြောင်းညီညွတ်သဖြင့် တွေ့ဆုံဆွေးနွေးဖြစ်ခဲ့ပါသည်။
အမည်နှင့်နေရပ်လိပ်စာအား ထီပေါက်သူ၏ ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်သဖြင့် မဖေါ်ပြတော့ပါ။
သို့သော် လည်ကောင်း၏ မွေးသက္ကရာဇ်မှာ  ၁၃၀၅ ခု တပိုတွဲလဆန်း(၅)ရက် တနင်္လာနေ့
နေ့လည် (၁၃း၃၀)နာရီ၊ပျဉ်းမနားမြို့တွင် မွေးဖွားသူဖြစ်ပါသည်။
ခုနှစ်သက္ကရာဇ် ၁၉၅၄ ခုဖေဖေါ်ဝါရီလ(၈)ရက်နေ့တွင်မွေးဖွားသူဖြစ်ပါသည်။
ထီပေါက်သူဇာတာကိုလေ့လာခြင်း
၁။ ငွေအမြောက်အများဝင်ကိန်းရှိ/မရှိ၊
၂။ ထီပေါက်ကိန်းရှိ/မရှိ၊
၃။ လဂ်ရာသီစီးနက္ခတ် စိုးမိုးဂဏန်း၊
၎။ ထီပေါက်နိင်သည့်အကြိမ်နှင့် တိုက်ဆိုင်မှုရှိ/မရှိ၊
၅။ ထီပေါက်သူ၏ ဒသာကိုလေ့လာခြင်း
ငွေအမြောက်အများဝင်ကိန်း
ဇာတာရှင်သည် ဗြိသ လဂ် ပိုင်ရှင်ဖြစ်သဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်းငွေအမြောက်အများ
ဝင်ကိန်းရှိနေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် (၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်းငွေအမြောက်အများဝင်ကိန်းရှိနေပါသဖြင့်
လည်းကောင်းကာလအတွင်း ထီပေါက်ကိန်းရှိနေသူဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
လဂ်ရာသီစီး နက္ခတ်မှာ မိဂသီ နက္ခတ်ဖြစ်ပါသည်။မိဂသီ နက္ခတ် စိုးမိုးဂဏန်းမှာ(၃)ဂဏန်း
ဖြစ်ပါသည်။အကျိုးပေး နက္ခတ်စိုးမိုးဂဏန်း ပထမနေရာ(ထိပ်စီး)ဂဏန်းမှာ(၃)ထိပ် ဖြစ်ပါသည်။
 (၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ထီဖွင့်ပွဲတွင် ၀ ၃၉၆၅၃၀ ဖြင့်ကျပ်(၁၀)သိန်းဆုပေါက်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်ရှိသော ရာသီစိုးမိုးဂဏန်းနှင့် ထီကံစမ်းသူ၏ ဇာတာစန်း
လဂ်နှင့်တနင်္ဂနွေဂြိုလ် ရှိသော ရာသီစိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်နေ
ကြကြောင်းကိုလေ့လာတွေ့ရှိရပါသည်။
(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲကို ဗြိသ ရာသီစန်းဖြင့် ဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ဗြိသ ရာသီကို စိုးမိုး
သော နက္ခတ်စိုးမိုးဂဏန်း(၁.၂.၃)နှင့် ထီပေါက်သူသည် ဗြိသလဂ်ပိုင်ရှင်ဖြစ်ပါသည် လဂ်ရာသီစီးနက္ခတ်စိုးမိုး(၁.၂.၃)တို့ တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်နေကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် (၁၅.၇.၂၀၁၃)မှ(၁၈.၁၂.၂၀၁၃)အတွင်း ရာဟုထူလ၊စနေအန္တရ၊ရာဟု
ပြန္တရ ဒသာတွင် ထီပေါက်ခြင်း ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
စိတ်ဝင်စားသူများ ဆက်သွယ်နိုင်ပါသည်။
ဆရာ ဘုန်းမြင့် ဝေဒသုတေသီ -A.G.T.I-(civil)
ဟောခန်း-အမှတ်(၃၅၂)၊အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့်၊သပြေကုန်းရပ်ကွတ်၊နေပြည်တော်။
http://www.sayaphone.webs.com တွင် လေ့လာနိုင်ပါသည်။
http://sayaphone-astrojer.blogspot.com/ တွင်လည်းလေ့လာနိင်ပါသည်။
Email:sayaphonemyint.npt@gmail.com./ p:09-6801883,09-420727866,FAX:067-432224.
(၅.၈.၂၀၁၃)







No comments:

Post a Comment