Sunday, April 22, 2018

သိသလောက်မျှဝေခြင်း(၁)


သိသလောက်မျှဝေခြင်း(၁)

မကြာခဏ ဖေ့ဘုတ်မိတ်ဆွေများမှ မျှဝေပေးပါရန် တောင်းဆိုလာ
ပါသည်။မူလဇာတာအရ ထီအကြံပြု ပေးခြင်းဖြစ်သဖြင့် သိရှိသည့် သဘောတရားကို လက်တွေ့အသုံးချလိုသူများအတွက် မျှဝေလိုက်
ပါသည်။
အခြေခံအချက်အလက်များအရ မူလဇာတာ ရရှိနိင်ပါသည်။
မူလဇာတာတွင် ဂြိုဟ်(၉)လုံး ရာသီ(၁၂)ပါး ဘာဝ(၁၂)ပါးနှင့်
နက္ခတ်(၂၇)လုံးတို့ ရရှိပါသည်။
ထီပေါက်ခြင်းသည် ကံသာသဖြင့် ထီပေါက်သည်ဟု ယူဆပါက
ကံကို ဂြိုဟ်ဖြင့် ယူဆလျှင် ဘယ်ဂြိုဟ်လဲ?
မိမိစိတ်ကြိုက် ဂြိုဟ်ကို ယူဆနိင်ပါသည်။
ယူဆရာတွင်
၁။သဘာဝကျရမည်
၂။ယုတ္တိရှိရမည်။
၃။သာဓက ပြနိင်ရမည်။
စသည့်အချက်တွေနှင့် ကိုက်ညီရမည်။
မည်သည့်စနစ်ကို အသုံးပြုသည်ဖြစ်စေ မိမိအသုံးပြုသော
နည်းစနစ် မည်မျှ တိကျမှန်ကန်သနည်းအဆိုကို သုတေသနပြုလုပ်
ကြရမည်ဖြစ်သည်။
သင်ဆရာ မြင်ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် ကံဂြိုဟ်အား
ပိုင်းခြားသိရှိရခြင်းဖြစ်ပါသည်။
သိခြင်းသည် ထီပေါက်ခြင်းမဟုတ်ပါ။သိခြင်းတွင် အဆုံးသတ်ပါသည်။
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်။
မိမိသဘောထားများ အောက်တွင် ရေးနိင်ပါသည်။
ဖေ့ဘုတ်မိတ်ဆွေ အားလုံးအား လေးစားလျက်ပါ။
22.4.2018

No comments:

Post a Comment