Tuesday, February 20, 2018

သိခြင်းနှင့်ပိုင်းခြားသိရှိ အသုံးချခြင်း



သိခြင်းနှင့်ပိုင်းခြားသိခြင်း


ကျွန်တော်သည်ဗေဒင်ဝါသနာပါသူတစ်ဦးဖြစ်ပါသည်။ထီကိုပိုမိုစိတ်ဝင်စားပါသည်။မဖြစ်သေးသည်ကိုကြိုတင်သိခြင်းသည်ဝေဒနည်းပညာဖြစ်သည်။ အရင်းအနှီးအနည်းငယ်နှင့် အမြတ်များများကို
မြန်မြန် ထီပေါက်လျှင် ရနိင်သဖြင့် ဖြစ်ပါသည်။
မဖြစ်သေးသည်ကို ကြိုတင်သိခြင်းသည် ဝေဒနည်းပညာဖြစ်သည်ဆိုတော့ ကြိုတင်သိရမည်
ဖြစ်ပါသည်။မသိသေးပါက မိမိလေ့လာသော ဝေဒနည်းပညာလိုနေသေးလို့ဟု သဘောထားကာ
ဆက်လက် သင်ယူလေ့လာပါသည်။
ထီပေါက်ကိန်း
အခြေခံအချက်အလက်များအရ မူလဇာတာကို ရရှိပါသည်။မူလဇာတာနှင့် ကောင်းကင်ကောဇာ
ဓနဂြိုဟ်တို့နှိုင်းယှဉ်ခြင်းအရ ယခုကာလ ထီပေါက်ကိန်း ရှိ/မရှိကို သိနိင်ပါသည်။
မြန်မာ့အောင်ဘာလေထီလေ့လာခြင်း
မြန်မာ့အောင်ဘာလေထီတွင် ယခုအခါ ထီအက္ခရာနှင့်နေရာအလိုက်ဂဏန်း(၆)လုံးရှိပါသည်။
နေရာဖြင့် စဉ်းစားလျှင်(၇)နေရာဖြစ်ပါသည်။
ထီပေါက်ခြင်း
မိမိကံစမ်းထားသော ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများနှင့် ထီပေါက်စဉ်တွင်ထွက်သော
ထီအက္ခရာ၊နေရာအလိုက်ဂဏန်းများ အစဉ်လိုက်တူလျှင် တူသောဆု ထီပေါက်ပါသည်။
ထီပေါက်သူ၏မူလဇာတာအားလေ့လာခြင်း
အကြောင်းညီညွတ်သည့်အခါများတွင် ထီပေါက်သူ၏ မူလဇာတာများကို ထီသုတေသနပြုလုပ်
ပိုင်းခြားလေ့လာခြင်းပါသည်။
၁။ မူလဇာတာနှင့်ထီအက္ခရာ ဆက်စပ်မူအား လေ့လာခြင်း
၂။ မူလဇာတာနှင့် ပထမနေရာဂဏန်း ဆက်စပ်မူအား လေ့လာခြင်း
၃။ မူလဇာတာနှင့် ဒုတိယနေရာဂဏန်း ဆက်စပ်မူအား လေ့လာခြင်း
ပိုင်းခြားသိရှိအောင် သင်ကြားပေးသော သင်ဆရာ မြင်ဆရာ အားလုံးကိုအထူးကျေးဇူးတင်ပါ
ကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ပိုင်းခြားသိရှိခြင်း
၁။ထီအက္ခရာ(၄၇)လုံးရှိသည့်အနက် မူလဇာတာအရ ထီပေါက်မည့် အကျိုးပေး ထီအက္ခရာ(၁)လုံး
ကို ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
၂။ပထမနေရာဂဏန်း(၉)လုံးရှိသည့်အနက် မူလဇာတာအရ ထီပေါက်မည့် အကျိုးပေး ပထမနေရာ
ဂဏန်း(၁)လုံးကို ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
၃။ ဒုတိယနေရာဂဏန်း(၁၀)လုံးရှိသည့်အနက် မူလဇာတာအရ ထီပေါက်မည့် အကျိုးပေး ဒုတိယ
နေရာဂဏန်း(၁)လုံးကို ပိုင်းခြားသိရှိပြီးဖြစ်ပါသည်။
သုတေသနထီ(၁)စောင် အကျိုးတူ ကံစမ်းခြင်း
မိဘဆရာသမားများနှင့်ကျေးဇူးရှိခဲ့ဖူးသူများနှင့်အတူ အကျိုးတူ သုတေသနထီ(၁)စောင်စီကံစမ်း
လျှက်ရှိပါသည်။
သုတေသနထီ(၁)စောင် အကျိုးတူ ကံစမ်းခြင်းမှထီပေါက်ပြီ
မူလဇာတာအရ ထီပေါက်မည့်အက္ခရာ(၁)လုံး၊ပထမနေရာဂဏန်း(၁)လုံးနှင့်ဒုတိယနေရာဂဏန်း(၁)
လုံးတို့ကို ပိုင်းခြားသိရှိပြီး ဖြစ်သဖြင့် ၂၀၁၇ ခုနှစ်သြဂုတ်လမှ စတင်ပြီး အကျိုးတူ သုတေသနထီ
(၁)စောင် ကံစမ်းလျှက်ရှိရာ ကံသာသူများ ထီပေါက်လျှက် ရှိပါသည်။
ထီကံဆွေးနွေးလာသူဖေ့ဘုတ်မိတ်ဆွေများကို ကျေးဇူးရှိခဲ့ဖူးသူများဟု သဘောထားကာ အကျိုးတူ
သုတေသနထီ(၁)စောင်စီ ကံစမ်းပေးလျှက်ရှိရာ ထီပေါက်လျှက်ရှိပါသည်။
လူကြီးမင်းလည်း ပါဝင်ဆွေးနွေးခြင်းဖြင့် ကံသာလျှင် ထီပေါက်နိင်ပါသည်။
၂၀.၂.၂၀၁၈

No comments:

Post a Comment