Thursday, October 6, 2016

“အချိန်၊လုပ်အား၊ပရဟိတ”



“အချိန်၊လုပ်အား၊ပရဟိတ”

တစ်နေ့ဟောခန်းတွင် ထီစိတ်ဝင်စားသူနှင့်ဆွေးနွေးဖြစ်ပါသည်။ဆရာသတင်းစာထဲမှာ
အောင်ဘာလေထီ ၅၀၀ိ/တန် လျှောက်လွှာခေါ်တာတွေ့တယ် ဆရာမလျှောက်ဘူးလား
လျှောက်ဖြစ်ပါတယ်။ဘယ်လောက်လျှောက်လဲဆွေးနွေးလာပါသည်။ကျွန်တော်တွင်
ဘဏ်ရှိငွေကြေးမှာ ၂၆၀၀၀၀ိ/-ကျပ်ရှိကြောင်း၊(၁)လျှင် လစာငွေရပါက ၃၀၀၀၀၀ိ/-
စုဆောင်းသွားမည်ဖြစ်ကြောင်းဆွေးနွေးဖြစ်ပါသည်။
ဘဏ်ရှိစုဆောင်းငွေ=၂၆၀၀၀၀ိ/-
၁.၁၀.၂၀၁၆ လစာစုငွေ=၃၀၀၀၀၀ိ/-
၁.၁၁.၂၀၁၆ လစာစုငွေ=၃၀၀၀၀၀ိ/-
၁.၁၂.၂၀၁၆ လစာစုငွေ=၃၀၀၀၀၀ိ/-
၁.၁.၂၀၁၇ လစာစုငွေ=၃၀၀၀၀၀ိ/-
၁.၂.၂၀၁၇ လစာစုငွေ=၃၀၀၀၀၀ိ/-
၁.၃.၂၀၁၇ လစာစုငွေ=၃၀၀၀၀၀ိ/-
စုစုပေါင်း ကျပ်၂၀၆၀၀၀၀ိ/- ရှိမည်ဖြစ်ပါသည်။
ထို့ကြောင့် ထီအုပ်(၂၀၀)လျှောက်ထားကြောင်းဆွေးနွေးဖြစ်ပါသည်။အဲဒါဆို ငွေဘယ်လောက်ရင်းပြီး၊
ဘယ်လောက်မြတ်မှာလဲသိလိုသဖြင့် ထပ်မံဆွေးနွေးလာပါသည်။လျှောက်ထားသည့်အတိုင်း ရခဲ့လျှင်
ထီအုပ်(၁)အုပ်ကို (၁ိ/)နှုန်းဖြင့် (၃)လစာက ၆၀၀၀ိ/ကျပ် သွင်းရမည်ဖြစ်ပါသည်။
(၁၁)စောင်ပါ ထီ(၂၀၀)အုပ်ကို ကျပ်(၁၀)သိန်း သွင်းရမည်ဖြစ်ပါသည်။ရောင်းချသည့်ထီ
မကုန်သေးမှီ နောက်လအတွက်(၁၁)စောင်ပါ ထီ(၂၀၀)အုပ်အတွက်(၁၀)သိန်း ရှိနေရမည်
ဖြစ်ပါသည်။ထို့ကြောင့် မိမိတွင် ရှိသော ငွေကြေးပမဏနှင့် နှိုင်းယှဉ်ကာ လျှောက်ထားခြင်း
လည်း ဖြစ်ပါသည်။
(၁၁)စောင်ပါ ထီတစ်အုပ် ရောင်းချလို့ကုန်လျှင် ၅၀၀ိ/မြတ်မည်ဖြစ်ပြီး၊(၁၁)စောင်ပါ အုပ်
(၂၀၀)ရောင်းချလို့ကုန်ပါက ကျပ် ၁ သိန်း အမြတ်ရမည် ဖြစ်ပါသည်။
ထီရောင်းချသူ (၁)ဦးကို ဌားရမ်းပါက နေပြည်တော်ပေါက်ဈေး ကျပ် ၈ သောင်း ဖြစ်ပါသည်။
ဝန်ထမ်းတစ်ဦး အလုပ် ရသည့်သဘောလည်း ဖြစ်ပါသည်။
ထီလျှောက်တာ မရခဲ့လျှင်လည်း ငွေစုဖြစ်သည့်အတွက် အောင်ဘာလေကို ကျေးဇူးတင်ပါသည်။
နားလည်သည်အထိ ရှင်းပြလိုက်ပါသည်။ လူကြီးမင်းလည်း စိတ်ဝင်စားပါက လျှောက်ထားနိင်
ကြောင်း ဆွေးနွေးဖြစ်ပါသည်။
ဒါဆို အချိန်၊လုပ်အား တွေက ပရဟိတပေါ့ ဆွေးနွေးလာသူပေးသွားသည့်အမည်ကို သဘော
ကျသဖြင့် မှတ်တမ်းတင် ရေးသားလိုက်ပါသည်။
ပရဟိတက ကြာပါပြီ၊ခုလည်း ထီအကြံပြုပေးနေတာကလည်း ပရဟိတပါဘဲ ၊ဟောခန်းတွင်
လာရောက်ဆွေးနွေးပါက အချိန်ကြေးစေတနာကြေးသာ ဖြစ်ပါသည်။အဖေက ပြောထားလို့ပါ
ဆင်းရဲသားတွေအတွက် ဘယ်လိုစဉ်းစားထားလဲလို့လေ အဲဒါကြောင့်ပါ။လိုက်နာကျင့်သုံးသူများ
ထီပေါက်ကြသဖြင့် အချိန်တန်ဘိုးမြှင့်တင်ပေးသည့် ဇာတာရှင်များအား အထူးပင်ကျေးဇူးတင်
ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။(၁.၉.၂၀၁၆)မှစတင်ပြီး အချိန်(၁)မိနစ်တန်ဘိုး
၂၁၅၀ိ/ဖြစ်ပါသည်။
အွန်လိုင်းဖြင့် ဆွေးနွေးသူများကို ၀န်ဆောင်ခ ကျပ်တစ်သောင်းသာ ဖြစ်ပါသည်။မူလဇာတာအရ
နေရာအလိုက် ဂဏန်းများကို ကြိုတင် သိလိုသူများကိုလည်း တစ်နေရာလျှင် ကျပ်တစ်သောင်းသာ
သတ်မှတ်ထားပါသည်။၁၉၉၅ ခုနှစ်မှ ယနေထိ သုတေသနပြုလုပ်ထားသည်များကို လက်တွေ့
အသုံးချခြင်းလည်း ဖြစ်ပါသည်။
သံသရာတခွင်တွင် အမိ၊အဘ၊အဖိုး၊အဖွား၊ညီ၊အကို၊မောင်၊နှမ။ဆွေမျိုးမိတ်ဆွေမတော်ဆပ်ခဲ့ဘူးသူ
မရှိပါသဖြင့် မိမိလေ့လာသင်ယူဆည်းပူးထားသော ဝေဒနည်းပညာဖြင့် ကျေးဇူးဆပ်ခြင်းဖြစ်ပါသည်။
ဗေဒင်ဝါသနာပါသူဖြစ်သဖြင့် ကျေးဇူးဆပ်ခွင့် ရသူသံသရာဆွေးမျိုးများကို အထူးပင်ကျေးဇူး
တင်ပါကြောင်း မှတ်တမ်းတင်လိုက်ပါသည်။
၂၀၁၆ ခုနှစ် အောက်တိုဘာလ ၇ ရက်.

No comments:

Post a Comment