Thursday, September 12, 2013

ကျပ်သိန်းရာကျော်ပေါက်သူ၏ ဇာတာအား လေ့လာခြင်း

ကျပ်သိန်းရာကျော်ပေါက်သူ၏ ဇာတာအား လေ့လာခြင်း

 ကျပ်သိန်းရာကျော်ပေါက်သူ၏ ကိုယ်ရေးကိုယ်တာအချက် အလက်များအား
 လေးစားသည့် အနေဖြင့်လည်းကောင်း အနှောက်အယှက် ဖြစ်မည်ဆိုးသဖြင့်
လည်းကောင်းဇာတာရှင်သည်(၁.၈.၂၀၁၃)တွင် ဖွင့်လှစ်သော(၂၉၅)ကြိမ်
မြောက်ထီဖွင့်ပွဲတွင် ဌ ၂၄၃၀၄၅ ဖြင့် ကျပ်သိန်းရာကျော်
ပေါက်သူ ဖြစ်ပါသည်။
ထီပေါက်ခြင်းကို လေ့လာရာတွင်
(မိဘ၊ဆရာသမားတို့၏ ဂုဏ်ကျေးဇူးကြောင့် “ဝေဒ”နည်းပညာဖြင့်
ပိုင်းခြားတွေ့ရှိထားသည့် စနစ်ကိုသာ အသုံးပြုပါသည်။)
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
တူညီနေသောအချက်များမှာ
၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း
၂။ ယခုကာလ ထီပေါက်ကိန်း
၃။ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်း(လဂ်စီးနက္ခတ်)
၎။ ထီပေါက်နိုင်သည့်အကြိမ်
၅။ ဆုအသေးအကြီးလေ့လာခြင်း
၆။ အကျိုးပေးနက္ခတ်စိုးမိုးဂဏန်း(စန်းစီးနက္ခတ်)
စသည့် အကြောင်းတရားများကို လေ့လာပါသည်။
 ထီပေါက်သူ၏ မှုလဇာတာကို လေ့လာခြင်း
၁။ ယခုကာလ ငွေအမြောက်အများဝင်ကိန်း

ဇာတာရှင်သည် ကန် ရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
ဇာတာရှင်သည် ကန်ရာသီလဂ် ပိုင်ရှင်ဖြစ်သဖြင့်(၁.၆.၂၀၁၃)မှ
(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်အများဝင်းကိန်း ရှိပါသည်။
ဇာတာရှင်သည်(၁.၈.၂၀၁၃)ထီဖွင့်ပွဲတွင်
ဌ ၂၄၃၀၄၅ ဖြင့် ကျပ်သိန်းရာကျော် ပေါက်သူ ဖြစ်ပါသည်။
 ယခုကာလ ငွေအမြောက်အများ ရှိနေခြင်းသည်လည်း ထီပေါက်ဖို့အတွက်
အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၂။ထီပေါက်ကိန်း

ဇာတာရှင်သည်(၁.၆.၂၀၁၃)ရက်နေ့မှ(၁၈.၆.၂၀၁၄)အတွင်း ငွေအမြောက်
အများဝင်ကိန်း ရှိနေပါသဖြင့်(၁.၆.၂၀၁၃)မှ(၁၈.၆.၂၀၁၄)အတွင်း
ယခုကာလ ထီပေါက်ကိန်း ရှိနေခြင်းသည် ထီပေါက်ဖို့အတွက်
အကြောင်းတရား(၁)ခုဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၃။ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း(လဂ်စီးနက္ခတ်)
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ရာသီ(၁)ခုတွင် နက္ခတ်(၃)လုံး ရှိပါသည်။မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာဇာတိတို့နှင့် ဇာတာဖွဲ့သောအခါ လဂ်ရာသီကို ရရှိပါသည်။
လဂ်ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံး ရှိသည့်အနက်မှ
လဂ်စီးနက္ခတ် စိုးမိုးဂဏန်းသည် ဇာတာရှင်အတွက် ပထမနေရာ
အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း ဖြစ်နေခြင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် ကန် ရာသီလဂ်ပိုင်ဖြစ်ပါသည်။
လဂ်စီးနက္ခတ်မှာ ဟဒသနက္ခတ် ဖြစ်ပြီး၊စိုးမိုးဂဏန်းဖြစ်သည့်(၂)သည်
ပထမနေရာ ဂဏန်းဖြစ်နေပါသည်။
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းဖြစ်သည့်(၂)ဂဏန်းကို ပထမနေရာ
ထီကံစမ်းထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၎။ ထီပေါက်နိုင်သည့်အကြိမ်

ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ် ရပ်တည်သော ရာသီပိုင်နက္ခတ်
စိုးမိုးဂဏန်းများနှင့် ထီပေါက်သူ၏ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်
ရပ်တည်သော ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့်
အကြိမ်တွင် ထီပေါက်လျှက် ရှိနေပါကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့
ထီဖွင့်ပွဲဇာတာ သည် ဗြိဿ ရာသီစန်းဖြင့် ထီဖွင့်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။
ဗြိဿ ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများသည်(၁.၂.၃)ဂဏန်းများဖြစ်ပါသည်။
ထီပေါက်သူသည်လည်း ကန်ရာသီသီလဂ်ဖြစ်ပါသည်။
ကန် ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများဖြစ်သည့်(၁.၂.၃)ဂဏန်းများ
တူညီတိုက်ဆိုင်သည့်အကြိမ်တွင် ထီပေါက်ခြင်းသည်လည်း
အကြောင်းတရား (၁)ခုဖြစ်နေပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၅။ ဆုအသေးအကြီးလေ့လာခြင်း

(၂၉၅)ကြိမ်(၁.၈.၂၀၁၃)ရက်နေ့ ထီဖွင့်ပွဲဇာတာ
ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲ ဇာတာတွင် ရပ်တည်သော တနင်္လာဂြိုလ်(စန်း)သည် ၊ထီပေါက်သူ
ဇာတာလဂ်မှ ရေတွက်လျှင်(၃)တန့်(၆)တန့်၊(၈)တန့်၊(၁၂)တန့်တွင်
ရပ်တည်နေပါက ထီဆုမကြီးနိုင်ပါ။
(၂၉၅)ကြိမ် (၁.၈.၂၀၁၃)ရက်နေ့
ထီဖွင့်ပွဲဇာတာ စန်းသည် ဗြိ ရာသီစန်း ဖြစ်ပါသည်၊
ဇာတာရှင်သည် ကန် ရာသီလဂ် ပိုင်ရှင် ဖြစ်ပါသည်။                    
ကန်ရာသီမှ ရေတွက်လျှင် ဗြိ ရာသီစန်း သည်(၉)တန့်တွင် ရပ်တည်
နေပါသဖြင့် ထီဆုကြီးကြီးပေါက်ခြင်း ဖြစ်ပါသည်။
ဇာတာရှင်လဂ်၏ (၉)တန့်တွင် ထီဖွင့်ပွဲဇာတာ စန်းရှိနေခြင်းမှာလည်း
ထီဆုကြီးပေါက်ဖို့ အကြောင်းတရား(၁)ခု ဖြစ်ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
၆။ အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း(စန်းစီးနက္ခတ်)

ထီပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
ကျပ်သိန်း ၁၀၀(မင်္ဂလာစုံတွဲစနစ်တွင်)
ရာသီ(၁)ခုတွင် နက္ခတ်(၃)လုံး ရှိပါသည်။မွေးရက် မွေးလ ခုနှစ်မွေးချိန်
မွေးဖွားရာဇာတိတို့နှင့် ဇာတာဖွဲ့သောအခါ စန်းရာသီကို ရရှိပါသည်။
စန်းရာသီပိုင် နက္ခတ် စိုးမိုးဂဏန်း(၃)လုံး ရှိသည့်အနက်မှ
စန်းစီးနက္ခတ် စိုးမိုးဂဏန်းသည် ဇာတာရှင်အတွက် တတိယနေရာ
အကျိုးပေး နက္ခတ် စိုးမိုးဂဏန်း ဖြစ်နေခြင်းကို လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင်သည် ကန် ရာသီလဂ်ပိုင်ဖြစ်ပါသည်။
စန်းစီးနက္ခတ်မှာ မိဂသီနက္ခတ် ဖြစ်ပြီး၊စိုးမိုးဂဏန်းဖြစ်သည့်(၃)သည်
တတိယနေရာ ဂဏန်းဖြစ်နေပါသည်။
မိမိအကျိုးပေး နက္ခတ်စိုးမိုးဂဏန်းဖြစ်သည့်(၃)ဂဏန်းကို တတိယနေရာ
ထီကံစမ်းထားခြင်းသည်လည်း ထီပေါက်ဖို့ အကြောင်းတရား(၁)ခုဖြစ်
ပါသည်။
(၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးသူများနှင့် တွေ့ဆုံဆွေးနွေးသည့်အခါ
တူညီတိုက်ဆိုင်လျှက် ရှိသော အကြောင်းတရား(၁)ခု ဖြစ်ပါသည်။)
ဇာတာရှင်သည် အထက်ပါအကြောင်းတရားများ (၆)ခု တူညီတိုက်ဆိုင်
အတိတ်ကံ၏ အကျိုးပေးကို ခံစားခွင့်ရလိုက်ခြင်း ဖြစ်ပါသည်။

မိမိလေ့လာသင်ယူဆည်းပူးထားသော “ဝေဒ”နည်းပညာဖြင့် ရေးသား
တင်ပြထားခြင်းသာ ဖြစ်ပါသည်။
ထီပေါက်ဖို့ဆိုရင် ထီကံစမ်းထားဖို့တော့လိုပါသည်။
ထီကံစမ်းမည်ဆိုလျှင်
ထီပေါက်နိုင်သည့်အကြိမ်တွင်
 မိမိအကျိုးပေး လဂ်စီးနက္ခတ် စိုးမိုးဂဏန်းကို
ပထမနေရာ ဂဏန်းများအဖြစ်လည်းကောင်း၊
စန်းစီးနက္ခတ် စိုးမိုးဂဏန်းများကို
တတိယနေရာ ဂဏန်းများအဖြစ် လည်းကောင်း
ထီကံစမ်းဖို့ အသိပေး အကြံပြု လိုက်ပါသည်။
စိတ်ဝင်စားသူများဆက်သွယ်နိင်ပါသည်
ဆရာ ဘုန်းမြင့် (ဝေဒသုတေသီ-A.G.T.I-(civil)
Ph:09-6801883(12.9.2013)(13:30)

No comments:

Post a Comment