Thursday, June 20, 2013
ဆွေးနွေးခြင်း
ဆွေးနွေးခြင်း
တစ်နေ့ ဟောခန်းသို့ ဗေဒင်မေးသူလာပြီး ဆွေးနွေးပါသည်။ဗေဒင်ဆရာတွေက
ထီပေါက်ကိန်း ရှိသည်ပြောကြပါသည်။သို့သော်မေးလာသည်မှာကြာပြီဖြစ်ပါသည်
ခုချိန်ထိ ထီမပေါက်သေးပါ အဲဒါဘယ်လိုဖြစ်လို့လဲ စသည်ဖြင့် ဆွေးနွေးလာပါသည်။
ဗေဒင်မေးသူ သိချင်သော ကိစ္စဖြစ်သဖြင့် လည်းကောင်းနားလည်အောင် ပြောပြရမည်
ဖြစ်ပါသည်။
ဗေဒင် ဟောသူအားလုံးအား ပြောလာသဖြင့် စိတ်ထဲတော့ တမျိုးဖြစ်သွားပါသည်။
ဘာဘဲပြောပြော မေးလာသူဘက်ကကြည့်လျှင် မှန်ပါသည်။
နည်းစနစ်အမျိုးမျိုးနှင့်မေးလာသူကို မိမိပညာ“သိ”သလောက် အကြံပြုကြခြင်းဖြစ်
ပါသည်။
ဘယ်စနစ်ကို အသုံးပြုမလဲ စဉ်းစားရာတွင် မြင်မှယုံကြည်သူများ ဖြစ်သဖြင့်
မြင်မှယုံကြည်သူများကို မြင်အောင်ပြသသော နည်းစနစ်ကို အသုံးပြုပါသည်။
ဇာတာစန်း၊လဂ်၏(၂)တန့်တွင် ဓနဂြိုလ် ကောဇာကြာသာပတေးရောက်ရှိလျှင်
လည်းကောင်းကာလတွင် ငွေအမြောက်အများဝင်ကိန်း ရှိပါသည်။
လည်းကောင်းကို နွယ်ပြီး ထီပေါက်ကိန်း ရှိသည်ဆိုပြီး ဟောပြောခြင်းဖြစ်ပါသည်။
လေ့လာရာတွင် ထီပေါက်ကိန်း သီခြား မရှိပါ။
တစ်လတစ်ခါ ထီကံစမ်းဖြစ်ပါ့သလား၊ဘယ်လောက်ဖိုးကံစမ်းသလည်း စသည်ဖြင့်မေးရာ တစ်လတစ်ခါ ကံစမ်းဖြစ်ပါတယ်၊အထူးမင်္ဂလာစုံတွဲကံစမ်းပါတယ်
စသည်ဖြင့် ဆွေးနွေးဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေ ထီပေးသည့်စနစ်ကို “သိ”ပါသလားဆွေးနွေးရာတွင်
မြန်မာအောင်ဘာလေထီမှာ ၄၀%ကို သိမ်းပြီး၊၆၀%ကိုသာပေးခြင်းဖြစ်ကြောင်းကို
သိကြောင်း ဆွေးနွေးဖြစ်ပါသည်။
ထီပေးသည့်စနစ်ကို ဆွေးနွေးရာတွင် သိန်း(၁၀၀) မင်္ဂလာစုံတွဲ စနစ်တွင် အက္ခရာနှင့်
ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူလျှင် (၁)သိန်းဆု ထီပေါက်ကြောင်းကို ဆွေးနွေး
ဖြစ်ပါသည်။
အထူးမင်္ဂလာစုံတွဲ(၁)တွဲ ထီကံစမ်းပါက အက္ခရာမှာတူပြီး ဖြစ်ကြောင်းနှင့်
ရှေ့ဂဏန်း(၃)လုံးသာ တူရန်လိုအပ်ကြောင်း ရှင်းပြလိုက်ပါသည်။
အဲဒီ(၁)သိန်းဆုလည်း မပေါက်ကြောင်း ပြန်လည်ဆွေးနွေးလာပါသည်။
ထို့ကြောင့် ဖြစ်နိင်ချေနည်းစနစ်ဖြင့် ဆွေးနွေးဖြစ်ပါသည်။
မြန်မာ့အောင်ဘာလေထီမှာ ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီး(၉)ခု ရှိပါသည်။ရှေ့ဂဏန်း
(၃)လုံးကို စဉ်းစားလျှင် မဲလိပ်(၉၀၀)ထဲမှ(၁)လိပ်နှိုက်သည်နှင့် သဘောတရားခြင်း
အတူတူပင်ဖြစ်ကြောင်းကို ဖြစ်နိင်ချေ စနစ်ဖြင့် ဆွေးနွေးဖြစ်ပါသည်။
ထီပေါက်ခြင်းကို ကိုယ်တိုင်လည်း လက်တွေ့ စမ်းသပ်နိင်ကြောင်းကို ဆွေးနွေးဖြစ်ပါ
သည်။
“ဝေဒ”နည်းပညာဖြင့် ဆွေးနွေးရာတွင်
၁၉၉၅ ခုနှစ်မှ ယနေ့ထိ ထီပေါက်ဖူးများနှင့်တွေ့ဆုံဆွေးနွေးရာတွင်လည်းကောင်း
တို့အားလုံးသည် လည်းကောင်းကာလ ငွေအမြောက်အများဝင်ကိန်းရှိသူများသာ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရကြောင်း ထီပေါက်သူများ၏ ဇာတာများကို
ပြသဆွေးနွေးဖြစ်ပါသည်။
ထိုပြင် ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေဂြိုတ်တို့ရှိသော ရာသီနက္ခတ်စိုးမိုးဂဏန်း
များနှင့်ထီပေါက်သူ ဇာတာစန်း၊လဂ်နှင့်တနင်္ဂနွေဂြိုလ်တို့ရှိသော ရာသီ နက္ခတ် စိုးမိုး
ဂဏန်းများတူညီတိုက်ဆိုင်သည့် အကြိမ်များတွင် ထီပေါက်နေကြကြောင်းကိုလည်း
ဆွေးနွေးဖြစ်ပါသည်။
စိုးမိုးဂဏန်းများကို လေ့လာခြင်း
(၁၂)ရာသီ စိုးမိုးဂဏန်းများကို လေ့လာရာတွင် န၀င်းစိုးမိုးဂဏန်းများတွင် (၈)နှင့်(၉)
တို့ ပါဝင်ခြင်းမရှိသဖြင့် နက္ခတ် စိုးမိုးဂဏန်းများကို လေ့လာဖြစ်ပါသည်။နက္ခတ်စိုးမိုး
ဂဏန်းများသည်(၀)မှ(၉)အထိ ပါသဖြင့် ပြည့်စုံမှု ရှိကြောင်းလေ့လာတွေ့ရှိရပါသည်။
နက္ခတ် နည်းပညာဖြင့် ဆွေးနွေးရာတွင်
ထိုပြင် ထီဖွင့်ချိန်တွင် စိုးမိုးသော လဂ်ရာသီစီးနက္ခတ် စိုးမိုးဂဏန်း(၃)လုံးထိပ်စီး
ရှိသည့်အနက်မှ မိမိစိတ်ကြိုက်ထိပ်စီးဖြင့် ထီကံစမ်းပါက မဲလိပ်(၃၀၀)ထဲမှ(၁)လိပ်
နှိုက်ခြင်းနှင့်သဘောတရားခြင်း အတူတူပင်ဖြစ်ပါသည်။
ငွေကြေးကုန်ကျမှု(၆၆.၆%)သက်သာခြင်းနှင့် ထီပေါက်ဖို့ ပိုမိုများခြင်းကိုလည်း
ဖြစ်နိင်ချေ နည်းဖြင့် ဆွေးနွေးဖြစ်ပါသည်။
ထီဖွင့်ချိန်တွင် စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများကို ရွေးချယ်ကံစမ်းထားခြင်းဖြင့်
လူကြီးမင်းလည်း ထီပေါက်နိင်ကြောင်းဆွေးနွေးဖြစ်ပါသည်။
ယခုအခါတွင် တစ်လတစ်ခါ ထီဖွင့်ပွဲဇာတာများကို တွက်ချက်ပြီး ထီဖွင့်ချိန်တွင်
စိုးမိုးသော နက္ခတ်စိုးမိုးဂဏန်းများကို (၇)ရက်သားသမီးများ ရွေးချယ် ကံစမ်းနိုင်ရန်
အတွက် အကြံပြုပေးလျက်ရှိပါသည်။
ဆရာဘုန်းမြင့်
၁၉.၆.၂၀၁၃
၀၉-၆၈၀၁၈၈၃
Subscribe to:
Post Comments (Atom)
LinkWithin
!-မောင်လမင်းအောင်(သုတစွယ်စုံ)-http:>
တစ်ပတ်အတွင်းလူကြည့်အများဆုံး
-
“ ဗေဒင်ဆိုသည်မှာ ရသေ့ရှစ်သောင်း၊ ဆရာအပေါင်းတို့က တစ်ယောက်တစ်မျိုး ပြောဆိုထားသော စကားများဖြစ်သည်။ ” (၁၂)ရာသီလား၊ (၁၃)ရာသီလား? 12...
-
ထီကို ဘယ်လို ကံစမ်းရမလည်း မေးလာခြင်းအား ဝေဒနည်းပညာဖြင့် အကြံပြုပေးခြင်း (မသိသူကျော်သွား၊သိသူဖေါ်စား) ဝေဒနည်းပညာဖြင့် ထီဖွင့်ချိန်တွင် စိ...
-
သိသလောက်မျှဝေခြင်း(၁) မကြာခဏ ဖေ့ဘုတ်မိတ်ဆွေများမှ မျှဝေပေးပါရန် တောင်းဆိုလာ ပါသည်။မူလဇာတာအရ ထီအကြံပြု ပေးခြင်းဖြစ်သဖြင့် သိရှိသည...
-
မသိခြင်း သိခြင်း ကြိုတင်သိခြင်း ကြိုတင်ပိုင်းခြားသိခြင်း တူခြင်းနှင့် ထီပေါက်ခြင်း ဖေ့ဘုတ်မိတ်ဆွေတစ်ဦးမှ မသိခြင်း သိခြင်း ကြိုတင်...
-
Thursday,March 19,2015 ယခုအကြိမ် မူလဇာတာ ဘယ်ရာသီ ဇာတာစန်း၊လဂ် ပိုင်ရှင်များ ထီပေါက်အားကောင်းမှာလဲ? ``ကောင်းကင် ဂြိုဟ် နက္ခတ်တို့...
-
မူလဇာတာနှင့် ထီဖွင့်ပွဲဇာတာအရ သုတေသနထီ(၁)စောင် အကျိုးတူ ကံစမ်းခြင်း မည်သည့်စနစ်ကို အသုံးပြုသည်ဖြစ်စေ မိမိအသုံးပြုသော နည်းစနစ် မည်...
-
· ဆရာဒေါက်တာထူးလား Ph.D(Astrojer-India)ထံ သင်ယူခြင်း · (ထီအက္ခရာ(က)မှ(ကဆ)အထိ၊ထီအက္ခရာ အလုံး(၄၀)ရှိသည့်အနက်၊ · ...
-
Sunday,March 15,2015 `စမ-အက္ခရာ´ဆိုတာ ဘာလဲ? ဖေ့ဘုတ်မိတ်ဆွေများမှ သိရှိလိုသဖြင့် `စမ-အက္ခရာ´ဆိုတာဘာလဲ? မကြာခဏ မေးလာပါသည်။ လည်း...
-
LUCKY NUMBER ဝေဒနည်းပညာဖြင့် ရှေ့ပူးဂဏန်းများ ရွေးချယ်ခြင်း (မသိသူကျော်သွား၊သိသူဖေါ်စား) ထီဂဏန်းများအား LUCKY NUMBER ဖြင့် ရွေးချယ်ခြ...
-
ထီ အထူးမင်္ဂလာစုံတွဲ ကံစမ်းခြင်း နည်းစနစ်အား သတင်းကောင်း ပါးအပ်ပါသည် ရည်ရွယ်ချက် ထီချစ်သူများ ထီဝါသနာပါသူများ မိမိကဲ့သို့ ထီပေါက်ချင်သူများ...
တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်

No comments:
Post a Comment