Wednesday, November 25, 2015

ပုဗ္ဗဏှသုတ်တော်

ပုဗ္ဗဏှသုတ်တော်
ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုးတရား
ဂြိုလ်ဆိုး၊ နိမိတ်ဆိုး၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်၊ ကံဇာတာနိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်၊ လုပ်သမျှလုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ဖြစ်နေလျှင် ဤသုတ်ကို အထူးရွတ်သင့်သည်၊ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင် အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈယ်ပါ၊ မုချအောင် ပါလိမ့်မည်။
၁။ ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿသဒ္ဒေါ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဗုဒ္ဓါနုဘာဝေန ဝိနာသ'မေန္တု။
၁။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် မြတ်စွာဘုရား၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၂။ ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿသဒ္ဒေါ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ ဓမ္မာနုဘာဝေန ဝိနာသ'မေန္တု။
၂။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် တရားတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၃။ ယံဒုန္နိမိတ္တံ အဝမင်္ဂလဉ္စ၊ ယော စာမနာပေါ သကုဏဿသဒ္ဒေါ ပါပဂ္ဂဟော ဒုဿုပိနံ အကန္တံ၊ သံဃာနုဘာဝေန ဝိနာသ'မေန္တု။
၃။ မကောင်းသော နိမိတ်၊ မကောင်းသော အမင်္ဂလာ၊ မနှစ် သက်ဖွယ်ဖြစ်သော ငှက်ဆိုးသံ၊ မကောင်းသော ဂြိုလ်စီးဂြိုလ်နင်း၊ မနှစ်သက်စရာ အိပ်မက်ဆိုး စသည်တို့သည် သံဃာတော်၏ ကြီးမြတ်သော အာနုဘော်တော်ကြောင့် မကျမရောက် ကင်းပျောက် ပါစေသတည်း။
၎။ ဒုက္ခပ္ပတ္တာ စ နိဒ္ဒုက္ခာ၊ ဘယပ္ပတ္တာ စ နိဗ္ဘယာ။ သောကပ္ပတ္တာ စ နိေဿာကာ၊ ဟောန္တု သဗ္ဗေပိ ပါဏိနော။
၎။ ဒုက္ခရောက်နေကြသူအားလုံး ဒုက္ခကင်းကြပါစေ၊ ဘေးတွေ့နေကြသူအားလုံး ထိုဘေးအန္တရာယ်မှ ကင်းလွတ်ကြပါစေ၊ စိုးရိမ်သောကဖြစ်နေကြသူအားလုံး စိုးရိမ်သောက ကင်းကြပါစေ။
၅။ ဧတ္တာဝတာ စ အမှေဟိ၊ သမ္ဘတံ ပုညသမ္ပဒံ။ သဗ္ဗေ ဒေဝါ'နုမောဒန္တု၊ သဗ္ဗသမ္ပတ္တိသိဒ္ဓိယာ။
၅။ အထက်တွင် ဖော်ပြခဲ့ပြီးသော စကားစဉ်ဖြင့် ကျွန်ုပ်တို့သည် ကောင်းမှုကို ဆည်းပူးခဲ့ကြပါသည်။ ဤသည်ကို နတ်အပေါင်းတို့က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ကြပါကုန်။
၆။ ဒါနံ ဒဒန္တု သဒ္ဓါယ၊ သီလံ ရက္ခန္တု သဗ္ဗဒါ။ ဘာဝနာဘိရတာ ဟောန္တု၊ ဂစ္ဆန္တု ဒေဝတာ'ဂတာ။
၆။ အရာရာပြည့်စုံမှု ချမ်းသာမှုရှိလာအောင် ယုံယုံကြည်ကြည်ဖြင့် လှူဒါန်းကြပါ၊ အကျင့်သီလ စောင့်ထိန်းကြပါ၊ ကမ္မဋ္ဌာန်း ဘာဝနာ ပွားများကြပါ၊ ယခုအခါ၌ တရားနာ ရောက်နေကြသော နတ်အပေါင်းတို့ ပြန်သွားနိုင်ကြပါပြီ။
၇။ သဗ္ဗေ ဗုဒ္ဓါ ဗလပ္ပတ္တာ၊ ပစ္စေကာနဉ္စ ယံ ဗလံ။ အရဟန္တာနဉ္စ တေဇေန၊ ရက္ခံ ဗန္ဓာမိ သဗ္ဗသော။
၇။ အားတော်ဆယ်ပါးနှင့် ပြည့်စုံတော်မူကြကုန်သော မြတ်စွာဘုရား၊ ပစ္စေက ဗုဒ္ဓါဘုရား၊ ရဟန္တာအရှင်သူမြတ်တို့၏ ဉာဏဗလစွမ်းရည်တန်ခိုးဖြင့် အရပ် ထက်ဝန်းကျင်မှ အစောင့်အရှောက်ကို ဖွဲ့ပါ၏။
၈။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၈။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် ဘုရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် ဘုရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေ သတည်း။
၉။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၉။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် တရားတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် တရားရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာကြ ပါစေ သတည်း။
၁ဝ။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ။ န နော သမံ အတ္ထိ တထာဂတေန၊ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။ ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
၁ဝ။ လူ့ပြည်၊ နဂါးပြည်၊ ဂဠုန်ပြည်၊ နတ်ပြည်တို့၌ရှိသော ရတနာတို့သည် သံဃာတည်းဟူသော ရတနာနှင့်မတူချေ၊ ထိုရတနာတို့ထက် သံဃာရတနာ သည်သာလျှင် ပို၍မြတ်၏၊ ဤသစ္စာစကားကြောင့် သတ္တဝါအများ ချမ်းသာ ကြပါစေသတည်း။
၁၁။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဗုဒ္ဓါနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၁။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော မြတ်စွာဘုရားတို့၏ တန်ခိုးတေဇော် အာနုဘော်တော် ကြောင့် သင့်အား ချမ်းသာသုခထာဝရ ပြည့်စုံပါစေ။
၁၂။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗဓမ္မာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၂။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ အားလုံးသော တရားတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၃။ ဘဝတု သဗ္ဗမင်္ဂလံ၊ ရက္ခန္တု သဗ္ဗဒေဝတာ။ သဗ္ဗသံဃာနုဘာဝေန၊ သဒါ သုခီ ဘဝန္တု တေ။
၁၃။ သင့်အား မင်္ဂလာခပ်သိမ်း ပြည့်စုံပါစေ၊ နတ်တို့က သင့်ကို စောင့်ရှောက် ပါစေ၊ ခပ်သိမ်းသော သံဃာတော်တို့၏ တန်ခိုးတေဇော် အာနုဘော်တော်ကြောင့် သင့်အား ချမ်းသာသုခ ထာဝရ ပြည့်စုံပါစေ။
၁၄။ မဟာကာရုဏိကော နာထော၊ ဟိတာယ သဗ္ဗပါဏိနံ။ ပူရေတွာ ပါရမီ သဗ္ဗာ၊ ပတ္တော သမ္ဗောဓိ'မုတ္တမံ။ ဧတေန သစ္စဝဇ္ဇေန၊ သောတ္ထိ တေ ဟောတု သဗ္ဗဒါ။
၁၄။ မဟာကရုဏာရှင် မြတ်စွာဘုရားသည် ကမ္ဘာသူကမ္ဘာသား အပေါင်း၏ အကျိုးစီးပွားအလို့ငှာ ပါရမီတော်ကို ဖြည့်ကျင့်တော် မူခဲ့သဖြင့် မြတ်လှစွာသော အရဟတ္တမဂ်ဉာဏ်၊ သဗ္ဗညုတဉာဏ် သို့ ရောက်တော်မူခဲ့လေပြီ၊ ထိုသို့မှန်သော သစ္စာစကားကို ဆိုရသောကြောင့် သင့်အား စီးပွားချမ်းသာ တိုးတက်ဖြစ်ထွန်း ပါစေ သတည်း။
၁၅။ ဇယန္တော ဗောဓိယာ မူလေ၊ သကျာနံ နန္ဒိဝဍ္ဎုနော။ ဧဝမေဝ ဇယော ဟောတု၊ ဇယဿုဇယမင်္ဂလေ။
၁၅။ သာကီဝင် မင်းအပေါင်းတို့၏ နှစ်သက်ဝမ်းမြောက်ခြင်းကို တိုးပွားစေသော မြတ်စွာဘုရားသည် ဗောဓိပင်ရင်း၌ မာရ်ငါးပါးကို အောင်မြင်တော်မူသကဲ့သို့ ထို့အတူ သင့်အား အောင်မြင်ခြင်းဖြစ်စေသတည်း၊ အောင်သင့်အောင်အပ်သော မင်္ဂလာဟူသမျှ သင့်အား အောင်မြင်ရရှိပါစေသတည်း။
၁၆။ အပ္ပရာဇိတပလ္လင်္ကေ၊ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ၊ အဂ္ဂပ္ပတ္တော ပမောဒတိ။
၁၆။ သဗ္ဗညုဘုရားအဆူဆူတို့ ဗုဒ္ဓါဘိသေကမင်္ဂလာ ခံယူရာ လည်းဖြစ်သော ကမ္ဘာမြေအပြင်၌ အထူးတင့်တယ်၍ မြေတကာတို့၏ အဦးအထိပ်လည်း ဖြစ်သော အပရာဇိတပလ္လင်တော်၌ မြတ်စွာဘုရားသည် လူသုံးပါးတို့ထက်မြတ်သော ဘုရားအဖြစ်သို့ ရောက်သဖြင့် ဝမ်းမြောက်တော်မူခဲ့လေပြီ။
၁၇။ သုနက္ခတ္တံ သုမင်္ဂလံ၊ သုပ္ပဘာတံ သုဟုဋ္ဌိတံ။ သုခဏော သုမုဟုတ္တော စ၊ သုယိဋ္ဌံ ဗြဟ္မစာရိသု။
၁၇။ ဤနည်းအတူ သင့်အားလည်း နက္ခတ်ကောင်းကြုံပါစေ၊ မင်္ဂလာကောင်း ရှိပါစေ၊ ချမ်းမြေ့စွာ နံနက်မိုးသောက် အလင်းရောက်ပါစေ၊ ကောင်းစွာ တိုးတက်ပါစေ၊ စက္ကန့်တိုင်း မိနစ်တိုင်း နာရီတိုင်း ကောင်းကျိုးချမ်းသာ မင်္ဂလာနှင့် ပြည့်စုံပါစေ၊ အကျင့်မြတ်ကို မပြတ်ကျင့်ကြံနေသော သူတော်ကောင်းတို့အား ကောင်းစွာ ပူဇော်ခြင်း ဖြစ်ပါစေသတည်း။
၁၈။ ပဒက္ခိဏံ ကာယကမ္မံ၊ ဝါစာကမ္မံပဒက္ခိဏံ။ ပဒက္ခိဏံမနောကမ္ပ္မံ၊ ပဏီဓိ တေ ပဒက္ခိဏေ။
၁၈။ မြတ်သောကိုယ်အမှု၊ မြတ်သောနှုတ်အမှု၊ မြတ်သောစိတ်အမှု ရှိပါစေ၊ ကောင်းမြတ်သော ကာယကံမှု၊ ဝစီကံမှု၊ မနောကံမှုတို့၌ သင်၏စိတ်ကို ဆောက်တည်နိုင်ပါစေ သတည်း။
၁၉။ ပဒက္ခိဏာနိ ကတွာန၊ လဘန္တ'တ္ထေ ပဒက္ခိဏေ။ တေ အတ္ထလဒ္ဓါ သုခိတာ၊ ဝိရူဠှာ ဗုဒ္ဓသာသနေ။ အရောဂါ သုခိတာ ဟောထ၊ သဟ သဗ္ဗေဟိ ဉာတိဘိ။
ပုဗ္ဗဏှသုတ္တံ နိဋ္ဌိတံ။
၁၉။ လူခပ်သိမ်း၊ နတ်ခပ်သိမ်းတို့သည် မြတ်သော အမှုကိစ္စတို့ကို ဆောင်ရွက် ကြသည့်အတွက် မြတ်သောအကျိုးတရားတို့ကို ရကြကုန်၏၊ မြတ်သောအကျိုး တရားကို ရရှိသောသူတို့သည် ချမ်းချမ်းသာသာ ရှိကြကုန်၏၊ ထိုသူတို့သည် ဘုရားသာသနာ၌ ကြီးပွားတိုးတက် လာကြကုန်၏။ ထိုသူတို့သည် မိမိတို့ အဆွေ အမျိုးတို့နှင့်အတူ ကျမ်းမာချမ်းသာကြပါစေကုန်သော်။
ပုဗ္ဗဏှသုတ် မြန်မာပြန် ပြီး၏။

Tuesday, August 25, 2015

ကျပ်သိန်း ၁၀၀ ပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း




ကျပ်သိန်း ၁၀၀ ပေါက်သူ၏ မူလဇာတာအားလေ့လာခြင်း
ကျွန်တော်သည် ဗေဒင်ဝါသနာပါသူ တစ်ဦးဖြစ်ပါသည်။
အကြောင်းညီညွတ်သည့်အခါများတွင် ထီပေါက်သူများနှင့်တွေ့ဆုံးဆွေးနွေးဖြစ်ပါသည်။
ထီပေါက်သူများ၏ မူလဇာတာများကို လေ့လာလိုသဖြင့် ဖြစ်ပါသည်။
ထီပေါက်သူနှင့် အကြောင်းမညီညွတ်သဖြင့် တွေ့ဆုံခွင့်မရသော်လည်း ထီပေါက်သူ၏
မွေးဖွားသက္ကရာဇ်အား ရရှိခဲ့ပါသည်။
မွေးဖွားသက္ကရာဇ် ရရှိအောင် ဆောင်ရွက်ပေးသူ မိုးယံပင်ရင်း ပျဉ်းမနား ဦးဝင်းမင်းနှင့်
ထီပေါက်သူအား အထူးပင်ကျေးဇူးတင်ပါကြောင်းမှတ်တမ်းတင်လိုက်ပါသည်။
ထီပေါက်သူ၏ အမည်နှင့် နေရပ်လိပ်စာတို့အား ကိုယ်ရေးကိုယ်တာကိစ္စများဖြစ်သဖြင့်
လည်းကောင်းမဖေါ်ပြတော့ပါ၊သို့သော် ဇာတာရှင်သည် ၃၁၉ ကြိမ်(၁.၈.၂၀၁၅)
ထီဖွင့်ပွဲတွင် ယ ၁၅၃၉၈၈ ဖြင့် ကျပ်သိန်း ၁၀၀ ဆုကြီးပေါက်သူဖြစ်ပါသည်။
ဗေဒင်ဝါသနာပါသူ ထီစိတ်ဝင်စားသူ သုတေသနပြု လေ့လာလိုသူများအတွင်
ရေးသားလိုက်ပါသည်။
ယခုကာလထီပေါက်ကိန်း

ယခုကာလ ထီပေါက်ကိန်းကို ဆန်းစစ်ရာတွင်
မူလဇာတာလဂ်၊
မူလဇာတာစန်း၊
မူလဇာတာ ကြာသပတေးဂြိုဟ်၊
မူလဇာတာ စနေဂြိုဟ်၊
မူလဇာတာ တနင်္ဂနွေဂြိုဟ် တို့ကို
ယခုကာလ ထီပေါက်ကိန်း ရှိနေသည့်
ဇာတာလဂ်၊စန်း၊ကြာသပတေးဂြိုဟ်၊စနေဂြိုဟ်၊တနင်္ဂနွေဂြိုဟ်တိုနှင့်
တူညီတိုက်ဆိုင်မူ ရှိ/မရှိ ဆန်းစစ်ပါသည်။
တူညီမူ ရှိပါက ယခုကာလ ထီပေါက်ကိန်း ရှိနေပြီး၊
မူညီမူ မရှိပါက ယခုကာ ထီပေါက်ကိန်း မရှိပါ။
 မူလဇာတာအား လေ့လာခြင်း
 
ဇာတာရှင်သည် ဓနုရာသီလဂ် ပိုင်ရှင်ဖြစ်ပါသည်။
တနင်္လာဂြိုဟ်သည် ကုံမ် ရာသီတွင် ရှိနေပါသည်။
ကြာသပတေးဂြိုဟ်သည် တူ ရာသီတွင် ရှိနေပါသည်။
စနေဂြိုဟ်သည် ဓနုရာသီတွင် ရှိနေပါသည်။
တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာ ရာသီတွင် ရှိနေပါသည်။
ဇာတာရှင်သည် မူလဇာတာတွင် စနေဂြိုဟ် ဓနုရာသီတွင် ရှိနေပါသဖြင့်
(၁၈.၇.၂၀၁၅)မှ(၁၈.၈.၂၀၁၆) ကာလအတွင်း ထီပေါက်ကိန်း ရှိနေပါသည်။
ဇာတာရှင် ထီပေါက်ခြင်းက `ဝေဒ´နည်းပညာ ဥပဒေသများ
မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဒုတိယနေရာ ဂဏန်းအား လေ့လာခြင်း
ထီပေါက်ဖူးသူများ၏ မူလဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
တနင်္ဂနွေဂြိုဟ်စိုးမိုးသည့် နက္ခတ် စိုးမိုးဂဏန်းများသည် ဒုတိယနေရာ ဂဏန်းဖြစ်နေ
ကြောင်းလေ့လာတွေ့ရှိရပါသည်။
ဇာတာရှင် မူလဇာတာတွင် တနင်္ဂနွေဂြိုဟ်သည် ဗြိစ္ဆာ ရာသီတွင် ရှိနေပါသည်။
တနင်္ဂနွေစီး နက္ခတ်မှာ ၀ိသာခါ နက္ခတ် ဖြစ်ပါသည်။နက္ခတ် စိုးမိုးဂဏန်းမှာ(၅)ဂဏန်း
ဖြစ်ပါသည်။
စိုးမိုးဂဏန်း (၅)ဂဏန်းသည် ဒုတိယနေရာ ဂဏန်းဖြင့် ထီပေါက်လျှက် ရှိနေကြောင်း
လေ့လာတွေ့ရှိရပါသည်။
ဇာတာရှင် ဒုတိယနေရာဂဏန်း(၅)ဖြင့် ထီပေါက်ခြင်းက
`နက္ခတ်´နည်းပညာ ဥပဒေသများ မှန်ကန်ခြင်းကို သက်သေပြနေပါသည်။
ဒသာအားလေ့လာခြင်း

(၂၃.၄.၂၀၁၅)မှ(၉.၉.၂၀၁၅)ကာလအတွင်း
ဗုဒ္ဓဟူး ထူလ၊
ကြာသပတေး အန္တရ၊
သောကြာပြန္တတရ၊
ဒသာတွင် ထီပေါက်နေကြောင်းလေ့လာတွေ့ရှိရပါသည်။
မူလ ဇာတာဓနုလဂ်၏ (၁၁) တန့် လာဘဓနုသခင်ဂြိုဟ် သောကြာဂြိုဟ် ပြန္တတရဒသာ
တွင် ထီပေါက်သဖြင့် `ဝေဒ´နည်းပညာ ဒသာ ဥပဒေသများ မှန်ကန်ခြင်းကို
သက်သေပြနေပါသည်။
ကောဇာထီဖွင့်ပွဲအားလေ့လာခြင်း

၁.၈.၂၀၁၅ ရက်နေ့(၀၈း၃၀)နာရီ၊ရန်ကုန်မြို့တွင် ထီဖွင့်ပွဲကို ကျင်းပပါသည်။
တနင်္ဂနွေဂြိုဟ်သည် ကရကဋ် ရာသီတွင် ရှိပါသည်။
တနင်္လာဂြိုဟ်သည် မကာရ ရာသီတွင် ရှိပါသည်။
သိဟ်ရာသီလဂ်ဖြင့် ထီဖွင့်ပွဲကို ကျင်းပခြင်းဖြစ်ပါသည်။
ထီပေါက်ဖူးသူများ၏ ဇာတာများကို သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းများနှင့်
ထီပေါက်သူ စန်း၊လဂ်နှင့် တနင်္ဂနွေဂြိုဟ် ရာသီပိုင် နက္ခတ်စိုးမိုးဂဏန်းများ
တူညီတိုက်ဆိုင်သည့် အကြိမ်သည် ထီပေါက်အား ကောင်းသည့်အကြိမ်ဖြစ်ပါသည်။
ထီဖွင့်ပွဲဇာတာ သိဟ်ရာသီလဂ် နက္ခတ်စိုးမိုးဂဏန်းများမှာ(၉.၆.၁) ဂဏန်းများဖြစ်ပါသည်
ထီပေါက်သူ မူလဇာတာ ဓနုရာသီလဂ် နက္ခတ် စိုးမိုးဂဏန်းများမှာလည်း
(၉.၆.၁) ဂဏန်းများ ဖြစ်ပါသည်။
နက္ခတ်စိုးမိုးဂဏန်း(၉.၆.၁) ဂဏန်းများ တူညီတိုက်ဆိုင်သည့် အကြိမ်တွင်
ထီပေါက်သဖြင့် ပေါက်အားကောင်းသည့် အကြိမ်တွင် ထီပေါက်သူဖြစ်နေကြောင်း
လေ့လာတွေ့ရှိရပါသည်။
၂၀၁၅ ခုနစ် သြဂုတ်လ ၂၅ ရက်

Tuesday, August 11, 2015

အတတ်နှင့်ပညာ



·        အတတ်နှင့်ပညာ

·        ကျိုးကြောင်းဆက်စပ်သော ပညာကို
·        ရှာဖွေမည်ဆိုလျှင်တော့
·        ခက်ခဲသောလမ်းကို လျှောက်ရပါလိမ့်မည်။
·        နည်းစနစ်များကို လေ့လာခြင်း
·        တွက်ချက်ခြင်း
·        ပြီးခဲ့သော ဖြစ်ရပ်များမှ ပြန်လည်စီစစ်
·        သုတေသနပြုခြင်းတို့ကို
·        ပင်ပန်းစွာ အချိန်ကုန်ခံ၍
·        လေ့လာရမည် ဖြစ်ပါသည်။
·        ဆရာသမား အသိပေး ရေးထားတာပါ။
·        ၁၉၉၅ ခုနှစ်မှ ၂၀၁၅ ခုနှစ် ယနေ့ထိ
·        ထီပေါက်ဖူးသူများ၏ မူလဇာတာများကို
·        သုတေသနပြုလုပ်လေ့လာတွေ့ရှိချက်အရ
·        ထီပေါက်မည့် ဒုတိယနေရာ
·        ရာသီပိုင် နက္ခတ် စိုးမိုးဂဏန်းကို
·        ယခုအခါ ပိုင်းခြား `သိရှိ´ပြီဖြစ်ပါသည်။
·        ထီအကြံပြုပေးရာ အကျိုးပေးချိန်တန်သည့်
·        ဇာတာရှင်များ ထီပေါက်လျှက် ရှိပါသည်။
·        ချိန်ခါမလွင်ခင် ဆွေးနွေးပါ။
·        Ph:09-6801883,
·        09-420727866.
·        သြဂုတ်လ-၇ရက်-၂၀၁၅.

LinkWithin

တစ်ပတ်အတွင်းလူကြည့်အများဆုံး

တစ်လအတွင်း လူကြည့်အများဆုံးခေါင်းစဉ်များမှာအောက်ပါအတိုင်းဖြင်ပါတယ်