Thursday, November 22, 2012

`ဝေဒ´နည်းပညာကို အသုံးချခြင်းကို အကြံပြုပေးခြင်း


`ဝေဒ´နည်းပညာကို အသုံးချခြင်းကို အကြံပြုပေးခြင်း
ကောင်းသည့်အချိန်အခါကို ဆောင်ပြီး မကောင်းသည့် အချိန်အခါကို ရှောင်ခြင်းသည်
`ဝေဒ´နည်းပညာကို အသုံးပြုခြင်း ဖြစ်ပါသည်။
လုပ်ငန်းတစ်ခု၊အောင်မြင်မှုအတွက် မှန်ကန်တဲ့ အချိန်အခါကို ရွေးချယ်မှုဟာ
အင်မတန် အရေးကြီးပါတယ်
ထီကံစမ်းခြင်း တစ်ခုအတွက်သာ ရေးသားတင်ပြခြင်း ဖြစ်ပါသည်။
အားထုတ်မှုပြုတဲ့ အချိန်၊ပေးလာသည့်အချိန်ကာလ၊အလုပ်ရဲ့သဘောသဘာဝ၊
မိမိ၏ အတိတ်ကံဇာတာ၊ထီဖွင့်ပွဲဇာတာတို့ အားလုံးတိုက်ဆိုင်သွားသည်အခါ
ထီပေါက်ခြင်း ဖြစ်ပါသည်။
၁။ထီကံစမ်းသည့်ရက်၊
မြန်မာအောင်ဘာလေထီသည် လစဉ်(၁)ရက်နေ့တွင် ထီဖွင့်ပွဲကျင်းပသဖြင့်
ထီကံစမ်းရက်(၃၀)ရက် ရှိပါသည်။
လစဉ်(၂)ရက်နေ့မှ ထီမဖွင့်ခင်နေ့အထိ(၃၀)ရက်အတွင် ထီကံစမ်းနိုင်ပါသည်။
၂။ ပေးလာသည့်အချိန်ကာလ
(၁)ရက်တွင် (၂၄)နာရီ ရှိပါသည်။တနင်္ဂနွေဂြိုလ်သည် (၄)မိနစ်ကို (၁)အံသာနှုန်းဖြင့်
သွားနေသဖြင့် နက္ခတ်စိုးမိုးဂဏန်းကို ရွေးချယ်ရာတွင်အချိန်အားဖြင့်(၅၃)မိနစ်နှင့်(၂၀)
စက္ကန့်သာ နက္ခတ်စိုးမိုးဂဏန်း(၁)လုံး အားကောင်းပါသည်။အချိန်အားဖြင့်(၅၃)မိနစ်
နှင့်(၂၀)မိနစ်သာ အချိန်ရပါသည်။
မိမိစိုးမိုးသော နက္ခတ်စိုးမိုးဂဏန်း(၁)လုံး အားကောင်းဆုံးအချိန်အခါမိအောင်ကံစမ်း
ဖို့မှာ(၅၃)မိနစ်နှင့်(၂၀)စက္ကန့် အတွင်းကံစမ်းရမည်ဖြစ်ပါသည်။
၃။ လုပ်ငန်း သဘောသဘာဝ
ထီကံစမ်းရာတွင် ထီဆုပေးသည့်စနစ်၊ထီဆောင်အရေအတွက်၊စသည်တို့ကို`သိ´ထား
ဖို့လိုပါသည်။
မိမိပေါက်လိုသောဆု ၊မိမိတတ်နိုင်သည့်ငွေကြေးပမာဏ၊မိမိကံစမ်းလိုသည့် နည်းစနစ်
စသည်တို့ကို လေ့လာထားဖို့လိုပါသည်။
ဖြစ်နိင်ချေ နည်းစနစ်များ
(က)မဲ(၁)လိပ်ထဲမှ(၁)လိပ်နှိုက်သည့်စနစ်
(၁) သိန်း(၁၅၀၀)ဆုတွင် အက္ခရာနှင့် ရှေ့ဂဏန်း(၂)လုံးအစဉ်လိုက်တူပါက
အောင်ဘာလေမိတ်သဟာပူးတွဲဆု(၅)သောင်းဆုပေါက်ပါသည်။
အနည်းဆုံး အောင်ဘာလေ မိတ်သဟာပူးတွဲဆု အကြိမ်စဉ် ပေါက်လိုလျှင်
ထိပ်စီး(၁)မှ(၉)အထိ ထိပ်စီးစုံနှင့် ဒုတိယနေရာဂဏန်း(၀)မှ(၉)အထိ
အထူးမင်္ဂလာစုံတွဲ(၉၀)တွဲ ထီကံစမ်းပါက် အကြိမ်စဉ်ပေါက်မည်ဖြစ်ပါသည်။
မဲ(၁)လိပ်ထဲမှ (၁)လိပ်နှိုက်သည့်စနစ်ဖြစ်ပါသည်။
သိန်း(၁၀၀)မင်္ဂစုံတွဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်တူပါက
(၁)သိန်းဆုပေါက်ပါသည်။
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ထီပေါက်ဖို့မဲ(၁၀)လိပ်ထဲမှ(၁)လိပ်ကို(၉)ကြိမ်နှိုက်
ခြင်းဖြစ်ပါသည်။
ဖြစ်နိုင်ချေနည်းစနစ်ဖြင့်ယူဆထားခြင်းဖြစ်ပါသည်။
(ခ)မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့်စနစ်
သိန်း(၁၀၀)မင်္ဂစုံတွဲစနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံးအစဉ်လိုက်တူပါက
(၁)သိန်းဆုပေါက်ပါသည်။
ထိပ်စီး(၁)ခုတွင် ရှေ့ဂဏန်း(၃)လုံးကို စဉ်းစားလျင် အကွက်(၁၀၀)ရှိပါသည်။
မိမိနှစ်သက်သော ထိပ်စီး(၁)ခုဖြင့် ရှေ့ဂဏန်း(၃)လုံး အကွက်(၅၀)စောင်
အထူးမင်္ဂလာစုံတွဲ ထီကံစမ်းခြင်းဖြစ်ပါသည်။
သိန်း(၁၀၀)မင်္ဂလာစုံတွဲစနစ်တွင် ထီပေါက်ဖို့ မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်ခြင်း
ဖြစ်ပါသည်။
၎။ မိမိ၏ မူလဇာတာ
မိမိ၏ မူလဇာတာတွင် ယခုကာလငွေအမြောက်အများဝင်ကိန်းရှိ/မရှိ `သိ´ဖို့လိုပါသည်။
၁၉၉၅ ခုနှစ်မှယနေ့ထိ ထီပေါက်ဖူးသူများကို `ဝေဒ´နည်းပညာဖြင့် သုတေသနပြုလုပ်
လေ့လာရာတွင် ၄င်းတို့အားလုံးသည် ၄င်းကာလငွေအမြောက်အများဝင်ကိန်း
ရှိသူများသာ ဖြစ်နေကြောင်း လေ့လာတွေ့ရှိရပါသည်။
၅။ ထီဖွင့်ပွဲဇာတာ
ထီပေါက်ဖူးသူ(၁၆၈)ဦး ဆုငွေသိန်းပေါင်း(၂၉၀၀)ကျော်ပေါက်ဖူးသူများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
ထီဖွင့်ပွဲဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေ၏(၅)တန့်ရာသီတွင်ရှိသော နက္ခတ်စိုးမိုးဂဏန်းများနှင့်ထီပေါက်ဖူးသူဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေ၏(၅)တန့်
ရာသီတွင် ရှိသော နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့် အကြိမ်တွင်
ထီပေါက်ခြင်း ဖြစ်နေကြကြောင်းကို လေ့လာတွေ့ရှိရပါသည်။
အထက်ပါအကြောင်းတရား(၅)ချက် အကြောင်းညီညွတ်သူများ ထီပေါက်ပါသည်။
လူကြီးမင်းတို့အနေဖြင့် ကောင်းသည့်အချိန်အခါကို ဆောင်ပြီး မကောင်းသည့် အချိန်အခါကို ရှောင်ခြင်းသည် `ဝေဒ´နည်းပညာကို အသုံးပြုခြင်း ဖြစ်ပါသည်။
 `ဝေဒ´နည်းပညာကို အသုံးချနိင်ဖို့ အကြံပြုရေးသားအပ်ပါသည်။
ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ-A.G.T.I.(civil)
ဟောခန်း=အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့် သပြေကုန်းရပ်ကွတ်
နေပြည်တော်။ FAX:067-432224, ph:09-420727866,09-6801883
Email:sayaphonemyint.npt@gmail.com
www.sayaphone.webs.com တွင်လည်း လေ့လာနိုင်ပါသည်။(23.11.2012)

Wednesday, November 21, 2012

`ဝေဒ´နည်းပညာကို အသုံးချတတ်ဖို့အကြံပြုပေးခြင်း


ထီပေါက်ဖို့ ဖြစ်နိုင်ချေ ပိုမိုများသော မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့်စံနစ်ကို
အကြံပြုပေးခြင်း
ထီပေါက်ဖို့ဖြစ်နိုင်ချေ ပိုမိုများသောဆုကို  စဉ်းစားခြင်း
ထီပေါက်ဖို့ စဉ်းစားရာတွင် ထီအများဆုံးပေါက်နိုင်သည်မှာ သိန်း(၁၀၀)မင်္ဂလာစုံတွဲ
စနစ်တွင် အက္ခရာနှင့် ရှေ့ဂဏန်း(၃)လုံး အစဉ်လိုက်တူပါက (၁)သိန်းဆု ပေါက်ပါသည်။
ထိပ်စီး(၁)ခုတွင် ရှေ့ဂဏန်း(၃)လုံးကို စဉ်းစားပါက အကွက်(၁၀၀)ရှိပါသည်
၎င်းအနက်မှ ရှေ့ဂဏန်း(၃)လုံး အကွက်(၅၀)ကို ထီကံစမ်းခြင်း ဖြစ်ပါသည်။
ထီပေါက်ဖို့ ဖြစ်နိုင်ချေဖြင့် စဉ်းစားလျင် မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သော
နည်းစနစ်ဖြစ်ပါသည်။
ထီကံစမ်းသူများအနေဖြင့် အနည်းဆုံး(၁)သိန်းဆုနှင့် သိန်း(၁၅၀၀)ဆု
အခြားဆုကြီးများလည်း ပေါက်နိုင်သော နည်းစနစ်ဖြစ်ပါသည်။
`ဝေဒ´နည်းပညာကို အသုံးချခြင်း
ထီပေါက်ဖူးသူ(၁၈၆)ဦး၊ဆုငွေသိန်းပေါင်း(၂၉၀၀)ကျော်ပေါက်ဖူးသူများ၏
ဇာတာများကို သုတေသနပြုလုပ် လေ့လာတွေ့ရှိချက်အရ
၁။ ထီပေါက်ဖူးသူ(၁၆၈)ဦးအားလုံးသည် ၄င်းကာလငွေအမြောက်အများဝင်
ကိန်းရှိသူများသာ ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
၂။ ထီဖွင့်ဇာတာ စန်း၊လဂ်နှင့်တနင်္ဂနွေ ၏(၅)တန့်ရာသီတွင် ရှိသော
နက္ခတ် စိုးမိုးဂဏန်းများနှင့် ထီပေါက်သူ ဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေ၏(၅)တန့်
ရာသီတွင် ရှိသော နက္ခတ် စိုးမိုးဂဏန်းများ တူညီတိုက်ဆိုင်သည့် အကြိမ်တွင်
ထီပေါက်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(က)ထီကံစမ်းလိုသူ(၇)ရက်သားသမီးများအနေဖြင့် ယခုကာလငွေအမြောက်အများ
ဝင်ကိန်းရှိ/မရှိ ကိုယ်တိုင် `သိ´ဖို့လိုအပ်ပါသည်။
(ခ) ယခုအကြိမ် ထီပေါက်နိုင်သည့် အကြိမ်နှင့် တိုက်ဆိုင်မှု ရှိ/မရှိ
ကိုယ်တိုင် `သိ´ဖို့ လိုအပ်ပါသည်။
ယခုကာလ ငွေအမြောက်အများဝင်ကိန်းရှိသူလည်းဖြစ်မယ်၊
ယခုအကြိမ် ထီပေါက်နိုင်သည့် အကြိမ်နှင့်လည်း တိုင်ဆိုင်မှု ရှိနေမည်ဆိုလျင်
မဲ(၂)လိပ်ထဲမှ(၁)လိပ်နှိုက်သည့် ထီပေါက်ဖို့ ဖြစ်နိုင်ချေ ပိုမိုများသည့်စနစ်ကို
ကံစမ်းဖို့အကြံပြုအပ်ပါသည်။
ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ-A.G.T.I.(civil)
ဟောခန်း=အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့် သပြေကုန်းရပ်ကွတ်
နေပြည်တော်။ FAX:067-432224, ph:09-420727866,09-6801883
Email:sayaphonemyint.npt@gmail.com
www.sayaphone.webs.com တွင်လည်း လေ့လာနိုင်ပါသည်။(21.11.2012)

Monday, November 19, 2012

ထီပေါက်ဖူးသူ(၁၈၆)ဦး၏ ဇာတာများကို လေ့လာခြင်း


(၂၇၁)ကြိမ်မှ(၂၈၆)ကြိမ်အထိ ထီပေါက်ဖူးသူ(၁၈၆)ဦး ဆုငွေပေါင်း(၂၉၀၀)ကျော်
ပေါက်ဖူးသူများ၏ ဇာတာများကို လေ့လာတွေ့ရှိချက်အရ
တူညီသည့် အချက်များ
(က)ငွေအမြောက်အများဝင်ကိန်းကိုလေ့လာခြင်း
၁။ ငွေအမြောက်အများဝင်ကိန်းရှိသည့် ကာလအတွင်း ထီပေါက်သူများသာ
ဖြစ်နေကြောင်းကို လေ့လာတွေ့ရှိရပါသည်။
(ခ)ထီပေါက်နိုင်သည့် အကြိမ်ကိုလေ့လာခြင်း
၂။ ထီဖွင့်ချိန်ဇာတာ စန်း၊လဂ်နှင့် တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင်
ရှိသော နက္ခတ်စိုးမိုးဂဏန်းများနှင့်
ထီပေါက်သူများဇာတာ စန်း၊လဂ် တနင်္ဂနွေဂြိုလ်တို့၏(၅)တန့်ရာသီတွင်
ရှိသော နက္ခတ်စိုးမိုးဂဏန်းများ
တူညီတိုက်ဆိုင်သည့် အကြိမ်တွင် ထီပေါက်နေကြကြောင်းကို
လေ့လာတွေ့ရှိရပါသည်။
ထီပေါက်သူ(၁၈၆)ဦးအားလုံးသည် အထက်ပါ အကြောင်းတရား(၂)ပါး တူညီတိုက်ဆိုင် နေကြောင်းကိုလေ့လာတွေ့
ရှိရပါသည်။
လူကြီးမင်းတို့အနေဖြင့် ထီကံစမ်းပါက
ငွေအမြောက်အများ ၀င်ကိန်းရှိသည့် ကာလအတွင်း
ထီပေါက်နိုင်သည့်အကြိမ်နှင့် တူညီတိုက်ဆိုင်သည့် အကြိမ်တွင်
ထီကံစမ်းဖို့ အကြံပြုအပ်ပါသည်။
ဆရာ ဘုန်းမြင့်
ဝေဒသုတေသီ-A.G.T.I.(civil)
ဟောခန်း=အမှတ်(၃၅၂)အင်ကြင်းလမ်းနှင့်ယင်းမာလမ်းထောင့် သပြေကုန်းရပ်ကွတ်
နေပြည်တော်။ FAX:067-432224, ph:09-420727866,09-6801883
Email:sayaphonemyint.npt@gmail.com
www.sayaphone.webs.com တွင်လည်း လေ့လာနိုင်ပါသည်။(20.11.2012)